မြန်မာဆယ်လီ

ဂေဟာမှာ လာလှူထားတဲ့ ဆန်အိတ်များကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည် ဝေမျှ လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ ဒီလို ကျပ်တည်းနေတဲ့ ကာလမှာ ခက်ခဲနေတဲ့ပြည်သူတွေကို နေ့တိုင်း ပံ့ပိုးကူညီပေးနေပြီး စားသောက်ကုန်တွေကိုလည်း ရက်ရက်ရောရော လှူဒါန်းပေးနေတာဖြစ်ပါတယ်။

ဒါ့အပြင် သူမရဲ့ သားသမီးလေးတွေကိုလည်း အလုပ်တွေ မအားလပ်တဲ့ ကြားကနေမှ အချိန်ပေးကာ မိခင်ရင်းသဖွယ် ကြင်နာစောင့်ရှောက်မှုတွေကို လုပ်ပေးတတ်ပါသေးတယ် ။ကလေးတွေကိုလည်း အတတ်နိုင်ဆုံး အချိန်ပေးကာ တူတူဆော့ကစားပေးတာတွေ ထမင်းခွံကျွေးတာတွေကိုလည်း ကြင်ကြင်နာနာနဲ့ ပြုစုပေးလို့ မိခင်မေတ္တာငတ်နေတဲ့ ကလေးငယ်လေးတွေ အဖို့တော့ ခိုင်နှင်းဝေရဲ့ ဂေဟာလေးက နွေးထွေးလုံခြုံနေခဲ့ပါတယ် ။

လတ်တလောမှာလည်း ဂေဟာမှာ လာလှူထားတဲ့ ဆန်အိတ်များကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည် ဝေမျှ လှူဒါန်းပေးခဲ့ပုံကို ” ဂေဟာမှာ လာလှူထားတဲ့ ဆန်အိတ်များ အပါအဝင် ထပ်ဖြည့်ထားတဲ့ ဆန်အိတ်များ စုစုပေါင်း ဆန်အိတ် (၅၀) တို့ကို တစ်အိမ်ထောင်လျှင် (၃) ပြည်စီ ဝေမျှလှူဒါန်းပေးခဲ့ပါတယ်..ခုနှစ်ရက် သားသမီးများ အားလုံးရဲ့ စုပေါင်း ကုသိုလ်လေးများပဲ ဖြစ်ပါတယ်ရှင်..🙏🙏🙏…” ခုလိုရေးသားဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

MyanmarCelebrit

Leave a Reply

Your email address will not be published.