မြန်မာဆယ်လီ

သူ့ဘဝရဲ့ဒုတိယအိမ်ဖြစ်တဲ့ မြန်မာနိုင်ငံအတွက် အမှန်တကယ်ခံစားနေရတဲ့ခံစားချက်တွေနဲ့အတူ ဆုလေးတစ်ခုတောင်းပေးလိုက်တဲ့ Sinon

ပရိသတ်ကြီးရေ ဖိလစ်ပိုင်မ်ာဒယ်လ်တစ်ယောက်ဖြစ်တဲ့ Sinon Lorescaဟာဆိုရင် မြန်မာနိုင်ငံကိုအလည်အပတ်ရောက်ရှိလာရင်း မြန်မာလူမျိုးတွေရဲ့နွေးထွေးတဲ့ဆက်ဆံရေးကြောင့် မြန်မာပြည်ကြီးကိုခင်တွယ်ပြီးသံယောဇဉ်ဖြစ်နေခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

မြန်မာပြည်မှာရှိစဉ်အခါကလည်း အလှူအတန်းနဲ့မြန်မာ့ရိုးရာဓလေ့ထုံးတမ်းတွေကို လိုက်နာကျင့်သုံးကာ ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးလည်း၀မ်းနည်းပူဆွေးကာ စိတ်မကောင်းဖြစ်နေသူလေးဖြစ်ပါတယ်နော်။


အခုလည်းသူ့ရဲ့ခံစားချက်တွေနဲ့အတူ မြန်မာပြည်ကြီးအတွက်ဆုတစ်ခုတောင်းပေးလာပါတယ်။Sinon Loresca က “မြန်မာနိုင်ငံကြီးအမြန်ငြိမ်းချမ်းဖို့နဲ့မြန်မာပြည်သူပြည်သားတွေဘေးအန္တရာယ်ကင်းဖို့ ကျတော်အမြဲတမ်းဆုတောင်းပေးနေပါတယ်ဗျာ။

ဘုရားသခင်စောင့်ရှက်တော်မူပါစေ။ ကျတော်ချစ်တဲ့ကျတော့်ရဲ့ဒုတိယအိမ်မြန်မာ….” ဆိုပြီးသူ့ရဲ့ဖေ့ဘုတ်အကောင့်မှာ ဆုတောင်းပေးလာတာပဲဖြစ်ပါတယ်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကိုအထူးပဲကျေးဇူးတင်ပါတယ်နော်။
MyanmarCelebrit

Leave a Reply

Your email address will not be published.