Cele News မြန်မာဆယ်လီ

မင်းသားကြီးမင်းမော်ကွန်းနဲ့ ကြုံတွေခဲ့ရတဲ့ အမှတ်တရလေးတွေကို ပြန်လည်ပြောပြလာတဲ့ ဇာတ်ပို့သရုပ်ဆောင်ပြေဇင်

မင်းသားကြီးမင်းမော်ကွန်းနဲ့ ကြုံတွေခဲ့ရတဲ့ အမှတ်တရလေးတွေကို ပြန်လည်ပြောပြလာတဲ့ ဇာတ်ပို့သရုပ်ဆောင်ပြေဇင်

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင် သရုပ်ဆောင်ပြေဇင်က မင်းသားကြီးမင်းမော်ကွန်းနဲ့ ကြုံတွေခဲ့ရတဲ့ အမှတ်တရလေးတွေကိုအခုလို ပြန်လည်ပြောပြလာခဲ့ပါတယ်နော်။

သရုပ်ဆောင်ပြေဇင်က အမှားပါရင်ခွင့်မလွှတ်ပါနဲ့၊အမှန်တွေကြီးပဲဆိုလည်း ခပ်တည်တည်ပေါ့၊ကျွန်တော်ကချစ်ရင်ဖြစ်ဖြစ် မုန်းရင်ဖြစ်ဖြစ် တရစ်ပြီး တရစ် ရစ်တတ်ပါတယ်၊ တခါက ခရီးသွားကားကြီးနဲ့ အနုပညာသယ်(ပညာရှင်ဟု ကျွန်တော်မသုံးပါ)တွေ၊ ချောက် ရေနံချောင်းဘက် နေပူပူမှာ စိမ်းလမ်းစိုပြေရေး(သစ်ပင်စိုက်ဖို့)အတွက် ခရီးထွက်ကြလေသတည်းပေါ့။

ကားပေါ်မှာ ဦးဌေး(ဇင်ဝိုင်း)ကစလို့ နာမည်ကြီးတွေရော၊ မကြီးတွေရော၊ မကြီးတကြီးတွေရာ ပါတယ်၊ကျွန်တော်မှတ်မိတဲ့ထဲက ကျွန်တော်လိုက်ပါစီးရတဲ့ကားပေါ်မှာ မြနှင်းရီလွင်ပါတယ်၊ ကျွန်တော်နဲ့ ကပ်လျက် ကိုကျော်(မင်းမော်ကွန်း)၊ အောင်မြင့်မြတ်၊ ကိုရဲမွန်၊ ကျွန်တော်တို့လေးယောက်ဟာ မြနှင်းရီလွင်ကျေးဇူးနဲ့ ပုဂံမှာ သူရဲကောင်းလေးယောက်ဖြစ်ခွင့်ရတယ်။

ဟုတ်တယ်လေ ရေနံချောင်းမှာ အပင်စိုက်ပြီးပြန်ရမှာကို မြနှင်းရီလွင်က ကားကြီးတစ်စီးလုံးငှါးခကို သူအကုန်ခံမယ်ဆိုပြီး တစ်ဖွဲ့လုံးကို ပုဂံလိုက်ပို့ပေးတာကိုး၊ ဘာအပြောကောင်းမလဲ သူရဲကောင်းလေးယောက်ဟာ ရေနံချောင်းကထွက်ကတည်းကသောက်လိုက်တဲ့အသောက် တစ်မိုင်တခါသေးပေါက်ဖို့ကားရပ်ပေးရတယ်၊ ကားပေါ်ပါသူတွေ စိတ်ပျက်လက်ပျက်မဖြစ်ရှာပါဘူး ပျော်နေကြတော့ ပျော်ပျော်ပါပဲ၊ ဦးဌေးကတော့ “မောင်မောင် မင်းနဲ့မင်းအကိုသိပ်မများစေနဲ့နော်” လို့ ဟန့်ရုံတင်လေးပဲဟန့်တယ်။

ရေနံချောင်းချောက်ကနေ ပုဂံကိုတကယ်ဆိုရင်
၄၅မိနစ်ထက်ပိုမမောင်းရပါဘူး၊ ကျွန်တော်တို့လေးယောက်ပါနေလို့သာ ၄၅မိနစ်ခရီးဟာ ၂နာရီကျော်လောက်ကြာခဲ့တာပါ၊ ကြာမှာပေါ့ ပေါက်လိုက်သောက်လိုက် ကုန်သွားရင်ကားရပ်ခိုင်းပြီး ဆင်းဝယ်လိုက်နဲ့ ပျော်စရာ၊ အဲလိုဆင်းဝယ်ပြီဆို ကိုကျော်က မန်းနီးထုတ်ပေးတယ်၊ သူကတော့ နေကာမျက်မှန်အမဲကြီးတပ်ပြီး ခပ်တည်တည်ပဲ၊ မတပ်လို့လဲမရဘူးလေ သူပါလာတဲ့ ဗော်လင်တိုင်းလည်း ဖင်ကပ်ပဲကျန်တော့တာကိုး။

ကျွန်တော်တို့ ကားရပ်ခိုင်းလိုက် သေးဆင်းပေါက်လိုက် ဘီယာတွေဝယ်ပြီးပြန်တက်လာလိုက် လုပ်နေတာကို ကားအဝင်အဝထိပ်ဆုံးခုံမှာ မိန့်မိန့်ကြီး ထိုင်ကြည့်နေတာက ဦးအောင်ခိုင်၊ အိုက်တင်က သိတဲ့အတိုင်း သူရိုက်နေကြ ကာပရိုက်တာတွေလိုပေါ့ ၊မြင်ယောင်ကြည့်ပါ၊ မျက်လုံးက ရီဝေဝေနဲ့ ရီနေလားဆိုတော့လဲ မရီဘူး၊ တခုခုပြောချင်တာလားဆိုတော့လဲ မေးစေ့ယားလို့ပွတ်နေတဲ့ ပုံစံ၊ တော်တော်မှန်းရခက်ပါတယ်ဗျာ။

အဲတော့ ကျွန်တော်တို့က အကယ်ဒမီအောင်ခိုင်ကို ပြုံးဖြီးဖြီးနဲ့ စကားစရတာပေါ့။
“ဦးအောင်ခိုင် ချမယ်လေ”
“ဦးအောင်ခိုင် စပ်လိုက်ရတော့မလား”
“ခပ်ပါးပါးတော့ ပုတ်လိုက်ပါဗျာ”
အမျိုးမျိုးမြူဆွယ်ကြပေမယ့် အကယ်ဒမီအောင်ခိုင်ကတော့ အကယ်ဒမီစင်ပေါ်မှာ ကျေးဇူးတင်စကားမပြောခင် မိုက်ကိုင်ထားတဲ့ရုပ်ကြီးနဲ့ မပြုံးတပြုံး။

ကျွန်တော်တို့ထဲက တစ်ယောက်(ဘယ်သူမှန်းမမှတ်မိ) က “ဦးအောင်ခိုင်ကို ဘလက်လေဘယ် ထုတ်တိုက်လိုက်ကွာ” လို့ပြောလိုက်တဲ့အသံကြားရော၊ ဦးအောင်ခိုင်မျက်လုံးက သုံးရာ့ခြောက်ဆယ် ပတ်ကြည့်ပြီးသားဖြစ်သွားတယ်၊ (ဘောလိဝုဒ်ရုပ်ရှင်တွေထဲကပြကွက်တွေလိုမျိုး မြင်ယောင်ကြည့်ပါ) ဦးအောင်ခိုင်က ပြန်ပြောတယ်၊ “ဟေ့ကောင်တွေ သောက်မယ် ငါအဓိဠာန်ပုတီးစိပ်နေတာမပြီးသေးလို့” တဲ့ ကျွန်တော်ကပဲ စပ်စပ်စုစုမေးမိတယ်
“ဘာ စိပ်နေတာလဲ” ဦးအောင်ခိုင် ခပ်တည်တည်လှမ်းပြောတယ်
“ အရဟံ သိဒ္ဓိ ဘဂဝါအောင်”
“ဗျာ” ကျွန်တော့်ရဲ့ အာမေဋိတ်အသံ
“အရဟံ သိဒ္ဓိ ဝါဝါအောင်” လို့ ကျွန်တော်အော်ပြောမိလိုက်တယ်။(ကျွန်တော်မူးနေတာကိုး)
ကားပေါ်ပါသူ အားလုံးရယ်ကြတယ်။
ပုတီးစိပ်ရင်း သူတော်ကောင်းကြီးက ကျွန်တော့်ကိုလှမ်းဆဲတယ် “ရီး” ။

ပုဂံရောက်တော့ ကျွန်တော်တို့လေးယောက်မူးပြီ၊ကျွန်တော်တို့နား ဦးအောင်ခိုင်ရောက်လာတယ်၊စကားတစ်ခွန်းကို ရုပ်ရှင်ထဲမှာဒါရိုက်တာပြောခိုင်းထက်အတိုင်းထက် အောက်နှုတ်ခမ်းတွေလှုပ် မျက်လုံးတွေပြူးပြီး ကယ်ဒမီအိုက်တင်နဲ့ ပြောချပစ်လိုက်တယ်၊ “ငါ့ အိတ်ထဲက ဘလက်လေဘယ် မင်းတို့ယူသောက်လိုက်ကြတာလား” တဲ့။

ခုဆိုရင်လဲ အဲဒီ့လေးယောက် တစ်ယောက်တစ်နေရာဆီ မူးနေလောက်ပီ၊ သတိတရဖြင့်၊ 2020အရှေ့ပိုင်းက ပြေဇင် ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

ကူးယူဖော်ပြခွင့်မပြု !!!!!!!!!

Leave a Reply

Your email address will not be published.