မြန်မာဆယ်လီ

ဇေယျာသော်ပေးထားခဲ့ဖူးတဲ့ အရုပ်ဟောင်းလေးကို ထုတ်ကြည့်ရင်း ဝမ်းနည်းစိတ်မကောင်းဖြစ်နေတဲ့ ငယ်ငယ်

တချိန်က လူငယ်ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ ACID အဖွဲ့နဲ့ ငယ်ငယ်၊ R ဇာနည်၊ ယုဇန၊ ဖြိုးကြီးတို့ကို ပရိသတ်ကြီး မှတ်မိကြဦးမယ်ထင်ပါတယ်။ ACID အဖွဲ့ရဲ့ အဆိုတော် ဇေယျာသော်ကတော့ ပြီးခဲ့တဲ့စနေနေ့ကပဲ မတရားပြစ်ဒဏ်ပေးမှုနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့ပြီပဲဖြစ်ပါတယ်။

ဇေယျာသော်ကွယ်လွန်သွားတဲ့အတွက် အနုပညာအသိုင်းအဝိုင်းက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကလည်း ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်။ငယ်ငယ်ကလည်း တချိန်က အတူတူသီချင်းတွေဆို အတူတူခရီးတွေသွားခဲ့ဖူးတဲ့ သူငယ်ချင်း ဇေယျာသော်ကို သတိရနေတာပဲဖြစ်ပါတယ်။

ငယ်ငယ်က အရင်က ဇေယျာသော်လက်ဆောင်ပေးထားခဲ့ဖူးတဲ့ အရုပ်ဟောင်းလေးကို တင်ရင်း ဘဝချင်းခြားသွားခဲ့ပြီဖြစ်တဲ့ သူငယ်ချင်းကို သတိရတမ်းတနေခဲ့တာပဲဖြစ်ပါတယ်။ဇေယျာသော်နဲ့ ငယ်ငယ်တို့ဟာ ACID အဖွဲ့နဲ့ သီချင်းတွေအတူတူသီဆိုဖူးခဲ့ကြတာဖြစ်ပြီး “ရွာသာရွာပါမိုး” သီချင်းမှာလည်း အတူတူသရုပ်ဆောင်ဖူးခဲ့ကြတာပဲဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ငယ်ငယ်ရဲ့ ဓာတ်ပုံလေးကိုမြင်ပြီး ငယ်ငယ်နဲ့ထပ်တူစိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published.