မြန်မာဆယ်လီ

” ဘောမ “အနုပညာရှင်များကို ဒဲ့တော်လှန်မည်” ဆိုပြီး ပြတ်ပြတ်သားသားပြောလာတဲ့ ဟားငါးကောင်အဖွဲ့

နိုင်ငံကျော်လူရွှင်တော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဟားငါးကောင်အဖွဲ့ကတော့ သူတို့ရဲ့ရယ်မောပျော်ရွှင်ဖွယ်ရာ ပြက်လုံးတွေကြောင့်ရော လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာလည်း ဓမ္မဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုကို အခိုင်အမာရရှိခဲ့တာပဲဖြစ်ပါတယ်။

ဟားငါးကောင်အဖွဲ့ဝင် ငါးယောက်စလုံးဟာ ဒီနေ့ဒီအချိန်ထိ လွတ်မြောက်နယ်မြေမှာနေရင်း စစ်အာဏာရှင်လူတစ်စုကို ဆန့်ကျင်တော်လှန်နေတာပဲဖြစ်ပါတယ်။

စစ်အာဏာရှင်လူတစ်စုကို ဆန့်ကျင်တော်လှန်ဖို့ တောထဲကိုရောက်ရှိနေတဲ့ ဟားငါးကောင်အဖွဲ့ဟာ ဒီကနေ့မှာ စကစရဲ့ မတရားကြိုးမိန့်ချမှတ်ခံခဲ့ရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရတို့အတွက် စိတ်မကောင်းဝမ်းနည်းဖြစ်ကြောင်းပြောက စစ်ဖိနပ်အောက်မှာနေပြီး သိသိသာသာရော မသိမသာရော တိမ်းညွှတ်နေကြတဲ့ အနုပညာရှင်တွေကို “”

ဘောမ “အနုပညာရှင်များကို ဒဲ့ တော်လှန်မည်” ဆိုပြီး အခုလိုပဲပြောလာတာကို တွေ့ရပါတယ်။ဟားငါးကောင်ညီအစ်ကိုတွေကတော့ တော်ရုံလူတွေ မစွန့်စားနိုင်တဲ့အရာတွေကို စွန့်လွှတ်ခဲ့ပြီး ပြည်သူတွေအကျိုးကို သယ်ပိုးဆောင်ရွက်နေကြသူတွေဖြစ်ပါတယ်။ ပရိသတ်ချစ်သော ဟားငါးကောင်အဖွဲ့လည်း ဘေးအန္တရာယ်ကင်းရှင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
MyanmarCelebrity

Leave a Reply

Your email address will not be published.