ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင် သရုပ်ဆောင်စစ်မင်းထက် က ဖခင်ဖြစ်သူကို ကျောက်ကပ်တစ်ခြမ်းပေးလှူပြီး မွေးကျေးဇူးဆပ်ခဲ့တဲ့ အကြောင်းကိုအခုလို ပြောပြထားပါတယ်နော်။
သရုပ်ဆောင်စစ်မင်းထက်က Aug 19 ဆိုရင် ပါပါးကို ကျောက်ကပ်လှူခဲ့တာ ၁နှစ်ပြည့်ပီ၊ ဒဏ်ရာနေရာက တခါတလေနာပေမဲ့ ကျန်းမာရေးကောင်းကောင်းမွန်မွန်နဲ့ ရှိပါတယ်၊ ဖေဖေ့ကိုလည်း ကျန်းကျန်းမာမာနဲ့တွေ့ရတဲ့အတွက် ဝမ်းသာမိပါတယ်။
ခွဲစိတ်ခန်းကထွက်လာပီး ၂ပတ်လောက်ထိ နာကျင်မှုတွေကြောင့် လမ်းကောင်းကောင်းမလျှောက်နိုင်ခဲ့ဘူး၊ အဲ့ဒီနာကျင်မှုတွေကို ခုထိ တခါတလေအိပ်မက်ထဲထည့်မက်နေတုန်းဘဲ၊ ဒါပေမယ့် မွေးကျေးဇူးဆပ်ခွင့်ရခဲ့တဲ့အတွက် ကျေးဇူးပါ ပါပါး။သားရဲ့ကျောက်ကပ်နဲ့ ရှေ့လျှောက် ကျန်းမာစွာနဲ့ အသက်ရှည်ရှည်နေနိုင်ပါစေလို့ ဆုတောင်းပါတယ်
ဆိုပြီးသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
MyanmarCelebrity