မြန်မာဆယ်လီ

ပရိသတ်ကို ထမင်းရှင်ဆိုပြီး ကြားကောင်းအောင်ပြောခဲ့တဲ့ အနုပညာရှင်တွေကို ပြည်သူတွေအပေါ်အားနာတတ်ကြဖို့ သတိပေးလာတဲ့ ကိုပေါက်

နိုင်ငံကျော်ဒါရိုက်တာတစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ ဒါရိုက်တာကိုပေါက်ကတော့ စစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ ပြည်သူဘက်ကိုမျက်နှာမူပြီး တရားတဲ့ဓမ္မဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်နေတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ကိုပေါက်က မိဘပြည်သူ ပရိသတ်တွေကို ထမင်းရှင် ကျေးဇူးရှင်ပါဆိုပြီး တဖွဖွပြောတတ်ကြတဲ့ အနုပညာရှင်တွေကို ပြည်သူတွေအပေါ် အားနာတတ်ကြဖို့ သတိပေးလာတာကို တွေ့ရပါတယ်။ကိုပေါက်က “ပြည်သူကျွေးတဲ့ ထမင်းကိုစား ပြည်သူအားပေးလို့ နေရာရလာတဲ့ အနုပညာရှင်များကို သတင်းစကားလေးပါးချင်ပါတယ်။

ချစ်လို့ ခင်လို့ ပြောတာနော်။ အထူးသဖြင့် ခင်ဗျားတို့ကို အားပေးနေတဲ့ ပြည်သူတွေ၊ အထူးသဖြင့် ခင်ဗျားတို့ရဲ့ ဇာတ်ကားတွေကို ငှါးကြည့်၊ဝယ်ကြည့်၊ရုပ်ရှင်ရုံထဲအထိ ရောက်အောင်အားပေး၊ ခင်ဗျားတို့ကိုထိရင် မခံဘဲ ပြန်ကာဘာလုပ်ပေး၊ ခင်ဗျားတို့ရဲ့ကောင်းသတင်းတွေ တဆင့်စကားတဆင့်နားကြားအောင် သယ်ဆောင်ပေးခဲ့တဲ့ သူတွေ အခု အာဏာရှင်က သတ်နေတာနော်။

အများကြီးပဲ။ ခင်ဗျားတို့ရဲ့ ညီအရွယ် ညီမအရွယ် သားသမီးအရွယ် ဦးလေးအရွယ် အဖိုးအဖွားအရွယ် အားလုံးကို သ တ် နေတာနော်။ ဒါကို သိသလား။”“ဒါပေမယ့် online ပေါ်ကနေတော့ အရွဲ့မတိုက်ကြပါနဲ့လို့ ပြောချင်တာပါ။ “တိတ်တိတ်နေခြင်းဖြင့် တော်လှန်ရေးကိုထောက်ခံပေးပါ။” 🙏🙏🙏 တောထဲမှာရော မြို့ပေါ်မှာပါ အသက် အိုးအိမ် ခြေလက်အင်္ဂါစွန့်ပြီး တော်လှန်ရေးအောင်ဖို့ ကြိုးစားနေသူတွေ ရင်ထဲကို ခဏလောက် အလည်လာပြီး ကိုယ်ချင်စာစိတ်နဲ့ငါဆိုရင်ဘယ်လိုနေမလဲလို့ ခဏလေးပဲဝင်ကြည့်ပေးဖို့ ဖိတ်ခေါ်ချင်တယ်။ အထူးသဖြင့် လူစိတ် ရှိဖို့ပါ။ ကျနော် အဆင်ပြေပါတယ် ခင်ဗျားတို့အဆင်မပြေမှာပဲ စိုးတာ။ ကိုပေါက် မြန်မာပြည်အစွန်အဖျားတနေရာ။ ၂၅.၇.၂၀၂၂” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။
MyanmarCelebrity

Leave a Reply

Your email address will not be published.