မြန်မာဆယ်လီ

စောင့်နေမယ်လို့ပြောခဲ့ပေမယ့် ဆုတောင်းတွေမပြည့်တော့တဲ့ ဇေယျာသော်ရဲ့ ချစ်သူကောင်မလေး T-Zin

တစ်နိုင်ငံလုံးက လေးစားရတဲ့ သူရဲကောင်းကြီး၊ တစ်နိုင်ငံလုံးက အားပေးချစ်ခင်ရတဲ့ အဆိုတော်ကြီး ဇေယျာသော်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၃) ရက်နေ့က တိုင်းပြည်အတွက် အသက်ကိုပေးလှူသွားခဲ့ပြီပဲဖြစ်ပါတယ်။

>ဇေယျာသော်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ စနေနေ့က ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့အညီ ပြစ်ဒဏ်ချမှတ်ခဲ့တယ်ဆိုပြီး ဒီကနေ့ ဇူလိုင်လ (၂၅) ရက်နေ့ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။

ဇေယျာသော်ရဲ့ သတင်းဆိုးအတွက် ပရိသတ် ပြည်သူတွေက စိတ်မကောင်းဖြစ်ကြသလို အထူးသဖြင့် ဇေယျာသော်ရဲ့မိသားစုဝင်တွေနဲ့ ဇေယျာသော်ရဲ့ ချစ်သူကောင်မလေးတို့က တော်တော်လေး စိတ်ထိခိုက်ဝမ်းနည်းနေကြတာပဲဖြစ်ပါတယ်။ ဇေယျာသော်ရဲ့ချစ်သူကောင်မလေး အဆိုတော် T-Zin ကလည်း ဇေယျာသော်ကို ဒီနေ့မနက်ထိစောင့်မျှော်နေခဲ့သေးပေမယ့် ဆုတောင်းတွေမပြည့်ခဲ့တာကြောင့် “ပြန်ပေးဆပ်ရမယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာရေးသားခဲ့ပါတယ်။

T-Zin က ပြီးခဲ့တဲ့မေလ (၁၁) ရက်နေ့မှာကျရောက်ခဲ့တဲ့ သူမနဲ့ဇေယျာသော်တို့ရဲ့ Anniversary နေ့မှာ “No matter how hard it gets, I will wait for you koko 😘😘😘” ဆိုပြီး ဘယ်လောက်ခက်ခဲပါစေ စောင့်နေဦးမယ်လို့ တင်ခဲ့ပေမယ့် ဒီကနေ့မှာတော့ သူမရဲ့ဆုတောင်းတွေက မပြည့်ဝခဲ့တော့ပါဘူး။
MyanmarCelebrity

Leave a Reply

Your email address will not be published.