Cele News မြန်မာဆယ်လီ

သူမခံစားခဲ့ရတဲ့ ရောဂါဆိုးကြီးကို အခြားသူတွေထပ်မဖြစ်အောင်သတိပေးလာတဲ့ စီစဥ်တင်ဆက်သူ သဇင်နွယ်ဝင်း

သူမခံစားခဲ့ရတဲ့ ရောဂါဆိုးကြီးကို အခြားသူတွေထပ်မဖြစ်အောင်သတိပေးလာတဲ့ စီစဥ်တင်ဆက်သူ သဇင်နွယ်ဝင်း

အခုတစ်ခါမှာဆိုရင် စီစဥ်တင်ဆက်သူသဇင်နွယ်ဝင်းက သူမခံစားခဲ့ရတဲ့ ရောဂါဆိုးကြီးကို အခြားသူတွေထပ်မဖြစ်အောင်အခုလို သတိပေးလာခဲ့ပါတယ်နော်။

စီစဥ်တင်ဆက်သူ သဇင်နွယ်ဝင်းက သဇင် ခေါင်းလျှော်ပြီး တော်တော်နဲ့ dryerမမှုတ်ဘဲ ခေါင်းအအေးခံလိုက်လို့များလားမသိဘူး၊ အာရုံကြောရောင်သလိုဖြစ်တယ်ထင်တာဘဲ၊ ၃ပတ်လောက် နားနောက်မှာ တဆစ်ဆစ်ကိုက်လိုက်၊ မခံမရက်နိုင်အောင် တချက်တချက် ထိုးကိုက်သလို ဖြစ်တာ၊ စိတ်အနှောင့်အယှက်ကြီးတော်တော်ခံရခက်ခဲ့တာ၊ ဆံပင်စည်းလို့တောင်မရဘူး။

ဆံပင်လေးတချောင်းညိရင်တောင် ဉီးရေပြားကအရမ်းကျိန်းစပ် နာပြီးကိုက်တာ တဆစ်ဆစ်ဘဲ..အဲ့ဘက်ခြမ်းကနားကို နားကပ်ဝတ်ရင်တောင် တအားနာတာ၊ သဇင့်ညမလေးလဲဖြစ်တယ်၊ သေချာတာတော့ခေါင်းလျှော်ပြီး နောက်ရက်စဖြစ်တာဘဲ၊ အာရုံကြောအားဆေးလေးနေ့တိုင်းသောက်ပြီး ခေါင်းလျှော်တဲ့နေ့ဆို အဲကွန်းလေ တိုက်ရိုက်ခံတာကို ရှောင်လိုက်တယ်။

သဇင်ဖြစ်တာ ခေါင်းဘယ်ဘက်ခြမ်းနားအနောက် ၃ပတ်အကြာ သူ့အလိုလိုတော့ပျောက်သွားတယ်၊မိန်းခလေးတွေအဖြစ်များတယ်ပြောလို့ ဂရုစိုက်ကြနော် ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

ကူးယူဖော်ပြခွင့်မပြု !!!!!!!!!

Zawgyi Vision







Leave a Reply

Your email address will not be published.