Cele News မြန်မာဆယ်လီ

အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ကို (၇)တန်းကတည်းက အသေရရအရှင်ရရကြိုက်ခဲ့တဲ့အကြောင်း ရင်ဖွင့်လာတဲ့ သရုပ်ဆောင်နေခြည်ဦး

အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ကို (၇)တန်းကတည်းက အသေရရအရှင်ရရကြိုက်ခဲ့တဲ့အကြောင်း ရင်ဖွင့်လာတဲ့ သရုပ်ဆောင်နေခြည်ဦး

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့ သရုပ်ဆောင်နေခြည်ဦး က အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ကို (၇)တန်းကတည်းက အသေရရအရှင်ရရကြိုက်ခဲ့တဲ့အကြောင်းအခုလို ရင်ဖွင့်လာခဲ့ပါတယ်နော်။

သရုပ်ဆောင်နေခြည်ဦးက Sai Sai Kham Leng ဆိုတာနဲ့ ခုနှစ်တန်းတုန်းကသူ့လက်မှတ်ထိုးပွဲသွားချင်လို့ ရေချိုးခန်းထဲ တံခါးပိတ်ငိုပြီး ဆန္ဒပြခဲ့တာ
မှတ်မိပါတယ်၊ နောက် လှည်းတန်းစျေးထဲက poster တစ်ပုံ ၂၀၀ နဲ့ဝယ်ပြီး တစ်ခန်းလုံး wallpaper လိုကပ်ထားလို့ တစ်လတစ်ခါလောက် လာလာဆွဲဖြုတ်တဲ့ ဖေဖေ့မျက်နှာကိုလည်း သတိရမိတယ်။

ကျောင်းပြီးတော့ ကိုစိုင်းနဲ့ခင်သွားတဲ့အခါ အရာရာမှာ စီမံခန့်ခွဲတပ်လွန်းပြီး ပေါင်းသင်းဆက်ဆံရေး ပြေပစ်လွန်းလို့လည်း လေးစားခဲ့ရတယ်၊ တစ်ခါတစ်လေ နေခြည်နဲ့ Yadanar Win ကို ရှော်တဲ့ အခါလေးတွေမှာလည်း အတင်းတော့ပြောမိပါတယ်
အဲ့ဒါလည်း ဝန်ခံတယ်၊ ကိုယ်ဆယ်ကျော်သက်
ရွစိပိုးထိုးတဲ့အရွယ်မှာတုန်းက တစိုင်းထဲစိုင်းပြီး ဆက်ဆလူးစိန်ခဲ့တာ အထူးအဆန်းမဟုတ်ပေမယ့် အခု အသက်နှစ်ဆယ့်ခြောက်နှစ် ရောက်တဲ့ အထိ သူ့အပေါ်ထားတဲ့ လေးစားအားကျမှုတွေ၊ အခင်အမင်တွေက လျော့မသွားတာတွေ၊ စိုင်းစိုင်းfan ပါလို့ပြောရတာ မျက်နှာမငယ်ရတာတွေက SaiSaiisSaiSai ကိုသက်သေထူနေပါတယ်။

ကိုယ်ချစ်ရတဲ့ ကိုယ်ကြိုက်ရတဲ့ အနုပညာရှင်တွေရဲ့ အနုပညာတွေကို ဒီလိုဘဲ အမြဲချပြနိုင်အောင် သူတို့ရဲ့ မူရင်းအခွေတွေကို အားပေးရအောင်လို့ တိုက်တွန်းရင်၊ ဒီမှာနွေရာသီကို မရောက်တရောက်
လကလေးက ကွေးကောက် ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

ကူးယူဖော်ပြခွင့်မပြု !!!!!!!!!

Zawgyi Vision

အဆိုေတာ္စိုင္းစိုင္းခမ္းလႈိင္ကို (၇)တန္းကတည္းက အေသရရအရွင္ရရႀကိဳက္ခဲ့တဲ့အေၾကာင္း ရင္ဖြင့္လာတဲ့ သ႐ုပ္ေဆာင္ေနျခည္ဦး

ပရိတ္သတ္ႀကီးေရ၊အခုတစ္ခါမွာဆိုရင္ေတာ့ သ႐ုပ္ေဆာင္ေနျခည္ဦး က အဆိုေတာ္စိုင္းစိုင္းခမ္းလႈိင္ကို (၇)တန္းကတည္းက အေသရရအရွင္ရရႀကိဳက္ခဲ့တဲ့အေၾကာင္းအခုလို ရင္ဖြင့္လာခဲ့ပါတယ္ေနာ္။

သ႐ုပ္ေဆာင္ေနျခည္ဦးက Sai Sai Kham Leng ဆိုတာနဲ႔ ခုႏွစ္တန္းတုန္းကသူ႔လက္မွတ္ထိုးပြဲသြားခ်င္လို႔ ေရခ်ိဳးခန္းထဲ တံခါးပိတ္ငိုၿပီး ဆႏၵျပခဲ့တာ
မွတ္မိပါတယ္၊ ေနာက္ လွည္းတန္းေစ်းထဲက poster တစ္ပုံ ၂၀၀ နဲ႔ဝယ္ၿပီး တစ္ခန္းလုံး wallpaper လိုကပ္ထားလို႔ တစ္လတစ္ခါေလာက္ လာလာဆြဲျဖဳတ္တဲ့ ေဖေဖ့မ်က္ႏွာကိုလည္း သတိရမိတယ္။

ေက်ာင္းၿပီးေတာ့ ကိုစိုင္းနဲ႔ခင္သြားတဲ့အခါ အရာရာမွာ စီမံခန္႔ခြဲတပ္လြန္းၿပီး ေပါင္းသင္းဆက္ဆံေရး ေျပပစ္လြန္းလို႔လည္း ေလးစားခဲ့ရတယ္၊ တစ္ခါတစ္ေလ ေနျခည္နဲ႔ Yadanar Win ကို ေရွာ္တဲ့ အခါေလးေတြမွာလည္း အတင္းေတာ့ေျပာမိပါတယ္
အဲ့ဒါလည္း ဝန္ခံတယ္၊ ကိုယ္ဆယ္ေက်ာ္သက္
႐ြစိပိုးထိုးတဲ့အ႐ြယ္မွာတုန္းက တစိုင္းထဲစိုင္းၿပီး ဆက္ဆလူးစိန္ခဲ့တာ အထူးအဆန္းမဟုတ္ေပမယ့္ အခု အသက္ႏွစ္ဆယ့္ေျခာက္ႏွစ္ ေရာက္တဲ့ အထိ သူ႔အေပၚထားတဲ့ ေလးစားအားက်မႈေတြ၊ အခင္အမင္ေတြက ေလ်ာ့မသြားတာေတြ၊ စိုင္းစိုင္းfan ပါလို႔ေျပာရတာ မ်က္ႏွာမငယ္ရတာေတြက SaiSaiisSaiSai ကိုသက္ေသထူေနပါတယ္။

ကိုယ္ခ်စ္ရတဲ့ ကိုယ္ႀကိဳက္ရတဲ့ အႏုပညာရွင္ေတြရဲ႕ အႏုပညာေတြကို ဒီလိုဘဲ အၿမဲခ်ျပႏိုင္ေအာင္ သူတို႔ရဲ႕ မူရင္းအေခြေတြကို အားေပးရေအာင္လို႔ တိုက္တြန္းရင္၊ ဒီမွာေႏြရာသီကို မေရာက္တေရာက္
လကေလးက ေကြးေကာက္ ဆိုၿပီးေရးသားေဖာ္ျပထားပါတယ္၊စာဖတ္ပရိတ္သတ္ႀကီးမ်ားအတြက္ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ကူးယူေဖာ္ျပခြင့္မျပဳ !!!!!!!!!

Leave a Reply

Your email address will not be published.