Cele News မြန်မာဆယ်လီ

ဇာတ်လမ်းတွဲထဲမှာ သက်သက်နဲ့မြမိုးသူတို့ဘာကြောင့်မတည့်ရလည်းဆိုတဲ့နောက်ကွယ်ကအကြောင်းရင်းမှန်ကိုပြောပြလာတဲ့ နန်းစန္ဒာလှထွန်း

နန်းစန္ဒာလှထွန်းကတော့ လတ်တလောမှာထုတ်လွှင့်ပြသခဲ့တဲ့ “ဒေါင်းယာဉ်ပျံဘုံ နဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲမှာလည်း “သက်သက်” ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ပါဝင်ပြီး ဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်ထားနိုင်ခဲ့တဲ့အတွက် ပရိတ်သတ်ရဲ့အားပေးမှုကို တစ်ခဲနက်ရရှိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်နော်။

သရုပ်ဆောင်ပီပြင်ပိုင်နိုင်တဲ့ နန်းစန္ဒာလှထွန်းက သူမနဲ့မယားပြိုင်အဖြစ်အပြိုင်အဆိုင်သရုပ်ဆောင်ခဲ့ရတဲ့ မြမိုးသူ(ဆက်ယွန်းတွယ်တာ)နဲ့ ဇာတ်လမ်းထဲမှာလိုမဟုတ်ပဲအပြင်မှာတော့ညီအစ်မတွေလိုအရမ်းချစ်ကြတယ်ဆိုတဲ့အကြောင်း သူမတို့နှစ်ယောက်ရဲ့ပုံလေးနဲ့တကွပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်.။


နန်းစန္ဒာလှထွန်းက”တစ်ကယ်တမ်းက ကိုယ့်ကောင်မလေးပါသွားလို့တင်းနေတာ သက်သက်က 🌚🌚🌚 ( တစ်ပုံချင်းသေချာကြည့် အပျော်တွေကူးချင်ရင် 🤭👭❣️ )” ဆိုတဲ့စာလေးနဲ့တကွ သူမနဲ့မြမိုးသူတို့အတူရိုက်ကူးထားတဲ့ပုံလေးတွေကိုပြသလာခဲ့တာပဲဖြစ်ပါတယ်နော်။

ဇာတ်လမ်းတွဲထဲမှာတော့ ယောကျာ်းတစ်ယောက်ကိုပြိုင်လုရလို့မတည့်ပေမယ့် အပြင်မှာတော့ အရမ်းကိုချစ်ကြတဲ့ သက်သက်နဲ့မြမိုးသူရဲ့ချစ်စရာကောင်းနေကြတဲ့ပုံရိပ်လေးတွေ ပရိတ်သတ်ကြီးလည်း တစ်ပုံချင်းစီဝင်ကြည့်ပြီး ကျေနပ်ကြလ်ိမ့်မယ်လို့ထင်ပါတယ်နော်..။

MyanmarCelebrity

Leave a Reply

Your email address will not be published.