Cele News မြန်မာဆယ်လီ

ခင်ပွန်းဖြစ်သူ မကွယ်လွန်ခင်ရက်ပိုင်းအလိုက အမှတ်မထင်ရိုက်မိခဲ့တဲ့ ဓာတ်ပုံလေးတစ်ပုံကို ပြသလာတဲ့ နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင် အဆိုတော် နန်းမြတ်ဖြိုးသင်းကတော့ သူမအပေါ် အရမ်းချစ်ပြီး အနွံတာခံသလို သားသမီးတွေအပေါ်မှာလည်း တာဝန်ကျေတဲ့ ခင်ပွန်းကောင်းတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ အိမ်ထောင်သက် (၄) နှစ်အကြာမှာ သေကွဲကွဲခဲ့ရတာဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းဟာ ခင်ပွန်းဖြစ်သူကို သတိရတဲ့စိတ်နဲ့ရှင်သန်ရင်း တစ်ဖက်မှာလည်း သားနဲ့သမီးအတွက် အကောင်းဆုံးကြိုးစားရပ်တည်နေတာပဲဖြစ်ပါတယ်။ဒီကနေ့ ဇူလိုင်လ (၂၁) ရက်နေ့ကတော့ နန်းမြတ်ဖြိုးသင်းရဲ့ခင်ပွန်း ကွယ်လွန်ခြင်း (၁၁) လပြည့်နေ့ပဲဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းက သူမရဲ့ ခင်ပွန်း မကွယ်လွန်ခင်နောက်ဆုံးအချိန်က ဓာတ်ပုံလေးကို ပြသရင်း “၁၁လတောင်ရှိပီတဲ့လား။ ဆေးရုံတက်ရက်ကြာတော့အပ်တွေတပေါက်ပီးတပေါက်ဖောက်ရလို့သနားလွန်းလို့ရိုက်ထားမိတဲ့ပုံ.. ခုတော့အမှတ်တရပေါ့။

ကောင်းတဲ့နေရာမှာအဆင်ပြေနေမယ်လို့ယုံပါတယ်” ဆိုပြီး အမှတ်တရပြောလာပါတယ်။

MyanmarCelebrity

Leave a Reply

Your email address will not be published.