သရုပ်ဆောင် ဒေါ်ခင်သန်းဝင်းကတော့ အနုပညာအမွေတွေကို သမီးဖြစ်သူ ရီရီပွင့်ဖြူထံ လက်ဆင့်ကမ်းထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ရီရီပွင့်ဖြူဟာ နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ပြီး ပညာရေးကို ဦးစားပေးခဲ့ပေမယ့် ပရိသတ်တွေနဲ့တော့ အဆက်အသွယ်ပြတ်တောက်မသွားခဲ့ပါဘူး။
ဒေါ်ခင်သန်းဝင်းကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ဒီနေ့ဒီအချိန်ထိ အနုပညာလောကထဲမှာ ကျင်လည်နေဆဲဖြစ်ပါတယ်။ဒီကနေ့ မေလ (၈) ရက်နေ့မှာ ကျရောက်တဲ့ အမေများနေ့မှာတော့ ရီရီပွင့်ဖြူကလည်း သူမရဲ့ မေမေဒေါ်ခင်သန်းဝင်းအတွက် အမှတ်တရစကားပြောလာခဲ့တာကို တွေ့ရပါတယ်။
ရီရီပွင့်ဖြူက “သမီးနှစ်ယောက်ကို အဖေလိုရော အမေလိုရော တယောက်တည်း စောင့်ရှောက်ခဲ့တဲ့ မေကြီး… Happy Mothers Day ပါ….🥰” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ရီရီပွင့်ဖြူကတော့ သူမတို့ညီအစ်မအပေါ်မှာ အဖေလိုရော အမေလိုပါ တစ်ယောက်တည်းပြုစုစောင့်ရှောက်ပြီး လူလားမြောက်အောင် ပျိုးထောင်ပေးခဲ့တဲ့ မေမေ့ကို အမေများနေ့မှာ ပျော်ရွှင်စေဖို့ ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အမေများနေ့မှာ မိခင်တွေကို ချစ်တဲ့အကြောင်းတွေပြောဖြစ်အောင်ပြောလိုက်ကြပါဦးနော်။
MyanmarCelebrity