နှစ်ပေါင်း ၃၀ကျော်တိုင်အောင်မြင်ဆဲ နိဂြောဓ ကျောက်မြောင်းပုစွန်ခွက်ကြော်
၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၉ရက်နေ့က ဆိုင်စဖွင့်ခဲ့တာ၊ ပုစွန်ခွက်ကြော်ရတယ်၊ ကော်ပြန့်ရတယ်၊ ပဲပြားကြော်ရတယ်၊ ခေါက်ဆွဲ၊ ကြာဇံရတယ်၊ အဲဒါလေးတွေကိုကြော်ပြီးအချဉ်နဲ့ပြန်သုပ်တာ၊ လတ်လတ်ဆတ်ဆတ်ပစ္စည်းတွေသုံးတယ်၊ အချဉ်ဆိုလဲ တစ်နေ့စာတစ်နေ့ နေ့တိုင်းစပ်တယ်၊ တော်တော်များများက အားရပါးရအားပေးကြတာများပါတယ်၊ တချို့တွေဆိုလဲ နိုင်ငံခြားကပြန်လာတာနဲ့ ဒီကိုတန်းလာပြီးစားကြတယ်၊ လာဝယ်တဲ့သူတွေကတော့ အချဉ်ကိုပိုပေးပါ အချဉ်ကိုကြိုက်တယ်လို့ပြောကြတယ်၊ ပုစွန်ခွက်ကြော်ကိုလဲအကြိုက်များသလို အချဉ်ကိုလဲကြိုက်ကြတယ်…