Local News

အသက် (၁၄) နှစ်နဲ့ ဆိုက်ကားနင်းပြီး မိခင်ကိုလုပ်ကျွေးနေတဲ့ မောင်သူထူးဇံ

ဖခင်မရှိတော့တဲ့နောက်ပိုင်း မိသားစုစားဝတ်နေရေးအတွက် ဆိုက်ကားနင်းပြီးတော့ မိခင်ကိုလုပ်ကျွေးပြုစုပေးနေတဲ့ သားလိမ္မာလေးတစ်ယောက်ဖြစ်တဲ့ အသေးလေး ခေါ် မောင်သူထူးဇံအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ကိုဗစ်ကာလတုန်းက အိမ်မှာစားဝတ်နေရေး အခက်အခဲဖြစ်လာလို့ ဆိုက်ကား စနင်းခဲ့တယ်။


အိမ်ကို တစ်နေ့ (၁) သောင်းပုံမှန် ပြန်ထောက်ပံ့နိုင်ပါတယ်။ဆိုက်ကားနင်းနေတော့ တစ်ချို့သူငယ်ချင်းတွေကမပေါင်းချင်တော့ဘူး။အမေ့ကိုဒီထက်ပိုကောင်းတဲ့အိမ်လေးနဲ့ထားချင်တယ်လို့ ပြောဆိုထားပါတယ်။အသက် ၁၄ နှစ်သာရှိသေးတဲ့ မောင်သူထူးဇံတစ်ယောက်ဟာ ကျောင်းနေကလေးအရွယ် ပညာတွေသင်နေရမယ့်အရွယ်ဆိုပေမယ့် စားဝတ်နေရေးအတွက် ဆိုက်ကားနင်းပြီး ကြိုးစားရုန်းကန်နေရတာဖြစ်ပါတယ။


ယခင်က သူရဲ့ မိခင်က သူကိုယ်တိုင် ဆိုက်ကားနင်းခဲ့တာဖြစ်ပြီး ယခုအချိန်မှာတော့ စာအုပ်ချုပ်လုပ်ငန်းလုပ်ကိုင်နေပြီး သားဖြစ်သူ မောင်သူထူးဇံကတော့ ဆိုက်ကားနင်းကာ သားအမိနှစ်ယောက်အတူတူကြိုးစားရုန်းကန်နေကြရတာဖြစ်ပါတယ်။အသက် ၁၄ နှစ်အရွယ် မောင်သူထူးဇံကတော့ ဘဝပေးအခြေအနေရ လောလောဆယ်မှာ ဆိုက်ကားနင်းနေရပေမယ့် ဘဝကို စိတ်ပျက်အားငယ်မနေပဲ ရလာတဲ့ အခွင့်အရေးပေါ်မူတည်ပြီး သူ့ဘဝတက်လမ်းကို လျှောက်လမ်းသွားမယ်လို့ဆိုပါတယ်။ သူဝါသနာပါတာကတော့ ဖုန်း service လုပ်ချင်တယ်လို့ပြောပါတယ်။

လမ်းကြုံလို့ သူနင်းတဲ့ဆိုက်ကားစီးချင်တယ်ဆိုရင်တော့ အာသောကစျေး၊ သူကြွယ်လမ်း၊ ဓမ္မာရုံရှေ့၊ တာမွေမြို့နယ် မှာ ရှိပါတယ်။
MyanmarCelebrity

Leave a Reply

Your email address will not be published.