Cele News မြန်မာဆယ်လီ

မျိုးကိုကိုစန်းနဲ့ ပတ်သတ်ပြီး လူလိမ်ခံရတဲ့အကြောင်း ဒဲ့ရှင်းလာတဲ့ သရုပ်ဆောင်မြတ်သူသူ

မျိုးကိုကိုစန်းနဲ့ ပတ်သတ်ပြီး လူလိမ်ခံရတဲ့အကြောင်း ဒဲ့ရှင်းလာတဲ့ သရုပ်ဆောင်မြတ်သူသူ

ပရိတမသတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင် သရုပ်ဆောင်မြတ်သူသူက မျိုးကိုကိုစန်းနဲ့ ပတ်သတ်ပြီး လူလိမ်ခံရတဲ့အကြောင်း ဒဲ့ရှင်းလာခဲ့ပါတယ်နော်။

သရုပ်ဆောင်မြတ်သူသူက ကာယကံရှင်ညီမလေးမျိုးကိုကိုစန်းသိစေဖို့ရည်ရွယ်ပါတယ်နော်၊ ညီမလေးရဲ့သိက္ခာကျစေဖို့မဟုတ်ပဲ ညီမလေးနာမည်သုံးနေတာ သိစေဖို့ရည်ရွယ်ပြီး ဒီပိုစ့်လေးတင်ပါရစေနော်၊ မျိုးကိုကိုစန်းနဲ့ အမက ၂၀၁၆ လောက်ကနေစပြီး သူ့ရဲ့ချစ်စရာပုံစံလေးကြောင့် အကောင့်မှာ Friend အပ်ပြီး ခင်ခဲ့ပါတယ်၊ ဒီကြားအတွင်း အကောင့်ထဲရှိနေတာကလွဲပြီး စကားလည်းသိပ်မပြောဖြစ်ကြသလို အပြင်မှာတော့ တခါမှမဆုံဖူးခဲ့ပါဘူး။

(21.6.2022) ရက်နေ့ Live Sale တခုမှာ MKKS အကောင့်တခုနဲ့ ဖိနပ်လိုချင်လို့ဆိုပြီး ဝင်မန့်ပါတယ်၊​အမကလည်း နဂိုထဲက ချစ်တဲ့ညီမလေးမို့ သေချာလေးပြန်ဖြေဖြစ်ပါတယ်၊ အဲ့အချိန်မှာ လုပ်ငန်းရှင်ကြီးကြီးတယောက်ကလည်း MKKS ကိုချစ်လို့ဆိုပြီး စကားတွေဝင်ပြောခဲ့ပါသေးတယ်၊ အဲ့နေ့ည Live ပြီးတဲ့အချိန်မှာပဲ Live လွှင့်တဲ့ဆိုင်ဖုန်းကို ဖုန်းဆက်လာပြီး အမဖုန်းနာပါတ်လိုချင်တယ်ပြောတော့ အမနဲ့ဖုန်းပြောပြီး နာပါတ်ပေးခဲ့ပါတယ်၊ အသံကတော့ MKKS အသံပါပဲ ဒါပေမဲ့ ဖုန်းပဲပြောရတာဖြစ်လို့ အတုအစစ်တော့ မသိပါဘူး။

အဲ့နေ့ညမှာပဲ ဖုန်းတွေဆက်ပါတယ်၊အကြောင်းအရာရေရေရာရာမရှိပဲ သူများအကြောင်းတွေပါလာလို့ အမလည်း ညမိုးချုပ်နေလို့ ဖုန်းဆက်မပြောဖြစ်တော့ပါဘူး၊ အကောင့်အတုများဖြစ်နေမလားဆိုပြီး ၂၀၁၆ ထဲက Friend ဖြစ်ထားတဲ့ အကောင့်မှာ သွားမေးကြည့်တော့ အကောင့် ၂ ခုဖွင့်ထားတယ်လို့ပြောခဲ့ပါတယ်၊ အဲ့အထိလည်း ပြသနာမရှိပါဘူး ခင်တဲ့အတွက် ရန်ကုန်လာရင် လာလည်မယ်ဆိုပြီးပြောတာတောင် လာဖို့ပြောခဲ့ပါတယ်။

အခုကာလအတွင်း အမနဲ့လည်း အဆက်အသွယ်ထပ်မရှိတော့ပါဘူး၊ ဒါပေမဲ့ အဲ့နောက်ပိုင်း လုပ်ငန်းရှင်ကြီးကြီးနဲ့ အမဆီ ငွေလှမ်းချေးတဲ့အကြောင်းတွေ ဖုန်းဆက်လာကြပါတယ် အမနဲ့ပတ်သက်ပြီး သူတို့ကသိကြတာမို့ အတုလူလိမ်ဖြစ်ခဲ့ရင်ဆိုတဲ့စိတ်နဲ့ ဒီပိုစ့်လေးကို တင်လိုက်တာပါ၊ အမနဲ့ဖုန်းတွေပြောတာလည်း အသံကတော့ တူပါတယ်၊ ဒါပေမဲ့ ရုပ်မမြင်ရလို့ အတုအစစ်သေချာမပြောနိုင်ပါဘူး။

အကောင့် Hack ခံရရင်တော့မပြောတတ်ပါဘူး၊ အမနဲ့ပြောနေတဲ့အကောင့်ကလည်း သွားကြည့်တဲ့အချိန်မရှိတော့ပါဘူး၊ ဒါကြောင့် MKKS ရဲ့ Blue Mark ရှိတဲ့ Page ကနေ သွားမေးပေမယ့် မတွေ့ဘူးထင်ပါတယ် စာမပြန်လို့ပါ၊ ဒါကြောင့် လူလိမ်ဆိုရင်လည်း ညီမလေးမျိုးကိုကိုစန်းသိက္ခာကျစေတာမို့ သိရအောင်လို့ပါ။

Edit – လူလိမ်ဆိုတာသေချာပါတယ်နော် ကောင်းမြတ်သော်ဆိုတဲ့နာမည်နဲ့ပါ MKKS နဲ့လည်း VC ပြောပြီးပါပြီဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Zawgyi Vision









Leave a Reply

Your email address will not be published.