FootBall

သင်္ဃန်းကျွန်းရဲ့ ပထမဆုံးနဲ့ နာမည်အကြီးဆုံး “ကျော်ကြား” မာလာငါးကင်

ကျော်ကြား မာလာငါးကင်ဆိုပြီး တခြားငါးကင်တွေနဲ့ မတူတဲ့ ထူးခြားချက်ကတော့ မာလာအရသာလေးနဲ့ ပြုလုပ်ထားတဲ့ဟင်းအနှစ်ပါ။ ငါးကင်တွေကို အချဉ်တစ်မျိုးတည်းနဲ့ တို့စားတာမျိုးမဟုတ်ဘဲ မာလာအနှစ်ကလေးနဲ့ တို့စားရတာကိုက ကျော်ကြား ငါးကင်ရဲ့ ထူးခြားချက်တစ်ခုပါ။

ပဲပိစပ်နဲ့ ကြက်သွန်အနှစ်ကိုချက်ထားတဲ့ မာလာအနှစ်အရသာလေးက ထမင်းနဲ့ပဲတွဲစားစား ငါးကင်နဲ့ပဲစားစား လိုက်ဖက်မှုရှိပါတယ်။“ မာလာငါးကင်ဆိုပြီး မတူတာက ခုနက ပြောတဲ့ အန်တီတို့ဆိုင်လေးစဖွင့်တုန်းက ဝန်ထမ်းလေးနှစ်ယောက်က မာလာဟင်းအနှစ်ချက်တဲ့ ပညာကိုပေးသွားတာပါ။

အခုချိန်ထိ အန်တီကိုယ်တိုင် ဒီမာလာအနှစ်ကို ကိုယ်တိုင်လုပ်တယ်” လို့ ဆိုပါတယ်ကျော်ကြားမာလာငါးကင်ဆိုင်လေးက ဆိုင်ခွဲ (၃) ဆိုင်ရှိပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် Junction Zawana ရှေ့မှာတစ်ဆိုင်၊ မြောက်ဥက္ကလာပမြို့နယ် ဆေးတက္ကသိုလ် (၂) ရှေ့မှာတစ်ဆိုင်နဲ့ မြောက်ဒဂုံမြို့နယ် ပင်လုံလမ်းမကြီးပေါ်၊ သင်းဝင်မှတ်တိုင်အနီးမှာ တစ်ဆိုင် ဖွင့်လှစ်ထားပါတယ်။

ဒီဆိုင်တွေမှာ ငါးကင်အပြင် ဂဏန်းမာဆလာဟင်းနဲ့ ယိုးဒယားအထောင်းမျိုးစုံတို့လည်း ရနိုင်ပါတယ်။အထောင်းကတော့ တစ်ပွဲကို (၁,၅၀၀)၊ (၂,၀၀၀) ကျပ်ပါ။ ဆိုင်ဖွင့်ချိန်ကတော့ ညနေ (၃) နာရီကနေ ည (၉) နာရီအထိဖြစ်ပါတယ်။စစဖွင့်ချင်းတုန်းကတော့ တစ်နေ့ကို အကောင် (၃၀) လောက်ပဲ ရောင်းရပါတယ်။ တစ်နေ့ကို (၁၀)ကောင်စီလောက် တိုးရောင်းရပြီး အခုတော့ တစ်နေ့ကို အကောင်ရေ (၁၅၀) နဲ့ (၁၆၀) နီးပါး ရောင်းရတယ်လို့ ဆိုပါတယ်။ အရင်တုန်းက ဒီမြို့နယ်မှာ ငါးကင်ဆိုင်တွေ မရှိတုန်းကဆို တစ်နေ့ကို အကောင်ရေ (၃၀၀) ကျော်လောက်အထိ ရောင်းရဖူးပါတယ်။ကျော်ကြားမာလာငါးကင်ဆိုင်လေးက ဆိုင်ခွဲ (၃) ဆိုင်ရှိပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် Junction Zawana ရှေ့မှာတစ်ဆိုင်၊ မြောက်ဥက္ကလာပမြို့နယ် ဆေးတက္ကသိုလ် (၂) ရှေ့မှာတစ်ဆိုင်နဲ့ မြောက်ဒဂုံမြို့နယ် ပင်လုံလမ်းမကြီးပေါ်၊ သင်းဝင်မှတ်တိုင်အနီးမှာ တစ်ဆိုင် ဖွင့်လှစ်ထားပါတယ်။ ဒီဆိုင်တွေမှာ ငါးကင်အပြင် ဂဏန်းမာဆလာဟင်းနဲ့ ယိုးဒယားအထောင်းမျိုးစုံတို့လည်း ရနိုင်ပါတယ်။အထောင်းကတော့ တစ်ပွဲကို (၁,၅၀၀)၊ (၂,၀၀၀) ကျပ်ပါ။ ဆိုင်ဖွင့်ချိန်ကတော့ ညနေ (၃) နာရီကနေ ည (၉) နာရီအထိဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published.