Cele News မြန်မာဆယ်လီ

သမီးလေးကို ကိုယ်တိုင်ဗေဒင်တွက်ပြီး မြန်မာနာမည်လှလှပေးလိုက်တဲ့ ဒေါက်တာမြ၀တ်ရည်

သမီးလေးကို ကိုယ်တိုင်ဗေဒင်တွက်ပြီး မြန်မာနာမည်လှလှပေးလိုက်တဲ့ ဒေါက်တာမြ၀တ်ရည်

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင် ဒေါက်တာမြဝတ်ရည် ကသမီးလေးကို ကိုယ်တိုင်ဗေဒင်တွက်ပြီး မြန်မာနာမည်လှလှပေးလိုက်တဲ့ အကြောင်းကိုအခုလို ပြောပြထားပါတယ်နော်။

ဒေါက်တာမြ၀တ်ရည်က Hello Mia လေးပါရှင်၊ Mia လေးကို နာမည်တွေ စဉ်းစားနေတာကြာပါပြီ၊နောက်ဆုံး နာမည် ၂ ခု ထွက်လာပါတယ်၊ English name က Mia Emerald Maung ၊ မြန်မာနာမည်က စောအမရာဉာဏ် ပါ၊ မြန်မာနာမည်အတွက် မအေကိုယ်တိုင် မဟာဘုတ်တိုင်အရ တွက်ချက်ပြီး မှည့်တာဖြစ်ပါတယ် (အမရာဉာဏ်ကို ရွေးထားတာ ၄/၅ လလောက်ရှိပါပြီ)၊စောကို မှည့်ဖို့ idea ရတာကတော့ အဖေက သူ့သမီးတွေ အင်္ဂါ ၂ ယောက်ကို စော ထည့်မှည့်ထားတာမို့ အဖေ့ကို သတိတရ ရွေးလိုက်တာပါ။

English name ကလည်း Mia ကို အမေနာမည် မြကို English အဓိပ္ပာယ်နဲ့ အဖေနာမည် Maung ကို family name လို ထည့်ထားတာပါ၊ မြန်မာနာမည်ကို စောအမရာဉာဏ်၊ စုအမရာဉာဏ်၊ အဲ့ဒီ့ ၂ ခုထဲက စော ပါတာလေး ပိုကောင်းမယ်ထင်လို့ ရွေးထားပါတယ် ။

Mia လေး တစ်နှစ်ပြည့်တော့မှာမို့ ခုထိ နာမည်အတည် မပေးရသေးလို့ စောအမရာဉာဏ် လေး လှပါသလားရှင် ဆိုပြီးသူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Zawgyi Vision






Leave a Reply

Your email address will not be published.