Cele News မြန်မာဆယ်လီ

ကွယ်လွန်သွားတဲ့ မင်းသားကြီးကျော်ဟိန်းနှင့်ဒွေးအတွက် ရည်စူးပြီးကောင်းမူကုသိုလ်တွေပြုလုပ်ခဲ့တဲ့ သရုပ်ဆောင်ဇွဲနိုင်၀င်း

ကွယ်လွန်သွားတဲ့ မင်းသားကြီးကျော်ဟိန်းနှင့်ဒွေးအတွက် ရည်စူးပြီးကောင်းမူကုသိုလ်တွေပြုလုပ်ခဲ့တဲ့ သရုပ်ဆောင်ဇွဲနိုင်၀င်း

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့ သရုပ်ဆောင်ဇွဲနိုင်ဝင်းကကွယ်လွန်သွားတဲ့ မင်းသားကြီးကျော်ဟိန်းနှင့်ဒွေးအတွက် ရည်စူးပြီးကောင်းမူကုသိုလ်တွေပြုလုပ်ခဲ့တဲ့ အကြောင်းကိုအခုလို ပြောပြထားပါတယ်နော်။

သရုပ်ဆောင်ဇွဲနိုင်၀င်းက အကယ်ဒမီမင်းသားကြီး ဦးကျော်ဟိန်းနှင့် ကိုသားကြီးအတွက်ရည်စူးအလှုု၊ပူဇော်ခြင်းတကာ့ ပူဇော်ခြင်းတွေထဲမှာ အမြတ်ဆုံးသော ဓမ္မဖြင့် ပူဇော်ခြင်းသည်ာအသာဆုံး အကောင်းဆုံး အမြတ်ဆုံးဖြစ်ပေ၏၊ အမြတ်ဆုံးသော တရားဓမ္မဖြင့် ပူဇော်သောအားဖြင့် ကျေးဇူးဆပ်သောအားဖြင့် ယနေ့ နံက်ခင်း လှည်းကူးမြို့နယ် အမြန်လမ်း ၇ မိုင် ၆ ဖာလုံ ရတနာအောင်မြေကျောင်းတိုက်ရိပ်သာ၌။

(၁၁.၇.၂၀၂၂) နေ့အတွက် လွန်ခဲ့သော ၂ နှစ်ခန့်က ကွယ်လွန်သွားသော သရုပ်ဆောင် အကယ်ဒမီ မင်းသားကြီး ဦးကျော်ဟိန်း ( ခ) ဦးကိတ္တိသာရ အားလည်းကောင်း၊ လွန်ခဲ့သော (၁၅) နှစ်ခန့်က ကွယ်လွန်သွားသော ကိုသားကြီး (ခ) အကယ်ဒမီး ဒွေး အားလည်းကောင်းရည်စူး၍၊ တပည့်ဖြစ်သူ ကိုဇွဲနိုင်ဝင်း (ခ) ဦးဇင်းဦးဇောတိက မိသားစုတို့ကကွယ်လွန်သူများ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပါစေခြင်းအကျိုးငှါ ရည်စူးပြီး ။

ရတနာအောင်မြေကျောင်းတိုက်ရိပ်သာ၌ ကိုယ်တိုင်တရားအားထုတ်ပြီး တရားစခန်း ဝင်ကြသော သံဃာတော်များ ဆရာလေးများ ယောဂီများအားလည်း အဟာရဒါနကုသိုလ်နှင့် သင်္ကန်း နဝကမ္မ စသည်တို့ကို ဆက်ကပ်လှုုဒါန်းပါသည်။

မိမိကောင်းမှု၊ အကြောင်းပြု၊ တောင်းဆုထွေထွေပြည့်ဝပါစေ၊ ၁၀.၇.၂၀၂၂၊ အစ်ကို့အတွက် ကျွန်တော် ကုသိုလ်ပြုပါတယ်၊ အစ်ကို သာဓု ခေါ်နိုင်ပါစေ ဆိုပြီးသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Zawgyi Vision



သရုပ်ဆောင်ဇွဲနိုင်ဝင်းက အကယ်ဒမီမင်းသားကြီး ဦးကျော်ဟိန်းနှင့် ကိုသားကြီးအတွက်ရည်စူးအလှု၊ပူဇော်ခြင်းတကာ့ ပူဇော်ခြင်းတွေထဲမှာ အမြတ်ဆုံးသော ဓမ္မဖြင့် ပူဇော်ခြင်းသည်ာအသာဆုံး အကောင်းဆုံး အမြတ်ဆုံးဖြစ်ပေ၏၊ အမြတ်ဆုံးသော တရားဓမ္မဖြင့် ပူဇော်သောအားဖြင့် ကျေးဇူးဆပ်သောအားဖြင့် ယနေ့ နံက်ခင်း လှည်းကူးမြို့နယ် အမြန်လမ်း ၇ မိုင် ၆ ဖာလုံ ရတနာအောင်မြေကျောင်းတိုက်ရိပ်သာ၌။


ရတနာအောင်မြေကျောင်းတိုက်ရိပ်သာ၌ ကိုယ်တိုင်တရားအားထုတ်ပြီး တရားစခန်း ဝင်ကြသော သံဃာတော်များ ဆရာလေးများ ယောဂီများအားလည်း အဟာရဒါနကုသိုလ်နှင့် သင်္ကန်း နဝကမ္မ စသည်တို့ကို ဆက်ကပ်လှုဒါန်းပါသည်။


Leave a Reply

Your email address will not be published.