Cele News မြန်မာဆယ်လီ

ရှမ်းတော်လှန်ရေးအတွက် ရိုက်ကူးထားတဲ့ သရုပ်ဆောင်သင်ဇာ၀င့်ကျော်ရဲ့ ကြော်ငြာဗီဒီယို

ရှမ်းတော်လှန်ရေးအတွက် ရိုက်ကူးထားတဲ့ သရုပ်ဆောင်သင်ဇာ၀င့်ကျော်ရဲ့ ကြော်ငြာဗီဒီယို

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်ရှမ်းတော်လှန်ရေးအတွက် ရိုက်ကူးထားတဲ့ သရုပ်ဆောင်သင်ဇာ၀င့်ကျော်ရဲ့ ကြော်ငြာဗီဒီယိုကို အခုလိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နော်။

Sexy မော်ဒယ် သင်ဇာဝင့်ကျော် SSPPအတွက် ရိုက်ကူးထားတဲ့ Documentary ၊ သျှမ်းသံတော်ဆင့်၊ ဇူလိုင် ၈ရက်၊ Sexy မော်ဒယ် သင်ဇာဝင့်ကျော်သည် SSPP/SSA ဒေသ ဖွံ့ဖြိုးရေးအတွက် Documentary ရိုက်ကူးပေးခဲ့ပါတယ်၊ ရိုက်ကူးရေးအပြန် SSPP စစ်ဝတ်စုံနဲ့ အကြီးအကဲ ဗိုလ်မှူးကြီး စိုင်းဆု ရဲ့ သမီး မင်္ဂလာဆောင်ကို တက်ခဲ့ပါတယ်၊ ​အဲ့ဒီစစ်ဝတ်စုံ ဝတ်ဆင်မှုကြောင့် ဇူလိုင် ၆ ရက် ရန်​ကုန်မြို့ အပြန်လမ်း မှာ စစ်ကောင်စီ က ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။

သင်ဇာဝင့်ကျော် ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး SSPP ဘက်က စစ်ကောင်စီဘက်ကို ညှိနှိုင်းခဲ့ပါတယ်၊ အဲ့ဒီညှိနှိုင်းပြီးနောက် လက်ရှိမှာတော့ သင်ဇာဝင့်ကျော် ကို စစ်ကောင်စီဘက်က ပြန်လွှတ်ပေးလိုက်ပါပြီ၊စစ်ကောင်စီနဲ့ SSPP ကြား စစ်ရေးတင်းမာနေတဲ့အဖွဲ့ဖြစ်ပြီး၊သင်ဇာဝင့်ကျော် ကို ပြန်လွှတ်ပေးဖို့ ၂ဖွဲ့ကြား ဘယ်လို အပေးအယူ လုပ်ခဲ့တယ်ဆိုတာ မသိရှိရသေးပါဘူး။

သျှမ်းသံတော်ဆင့် ဘက်က SSPP ကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်၊ သင်ဇာဝင့်ကျော် ကို SSPP ဘက်မှ documentary ရိုက်ဖို့အတွက် ငွေကြေး ဘယ်လောက်ကမ်းလှမ်းခဲ့တယ်ဆိုတာလည်း မသိရှိသေးပါဘူး ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Zawgyi Visiom






Leave a Reply

Your email address will not be published.