Cele News မြန်မာဆယ်လီ

MRTV-4ရဲ့ ယုတ်မာကောက်ကျစ်မူတွေကို ဖွင့်ချလာတဲ့ သရုပ်ဆောင်မျိုးကိုကိုစန်း

MRTV-4ရဲ့ ယုတ်မာကောက်ကျစ်မူတွေကို ဖွင့်ချလာတဲ့ သရုပ်ဆောင်မျိုးကိုကိုစန်း

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်မျိုးကိုကိုစန်းကMRTV-4ရဲ့ ယုတ်မာကောက်ကျစ်မူတွေကိုအခုလို ဖွင့်ချလာခဲ့ပါတယ်နော်။

သရုပ်ဆောင်မျိုးကိုကိုစန်းကDWTSနဲ့ပတ်သတ်ပြီး မရှင်းချင်ပေမဲ့ မရှင်းမဖြစ်လို့ ရှင်းရတော့မယ် လူတွေက အဲ့ဒီprogramက ပြတဲ့ 3minsစာလောက် videoကိုပဲမြင်ပြီး ဇွတ်ကို စိတ်ထားမကောင်းပါဘူး ပြောနေကြလို့၊ အဲ့ဒီအပိုင်းက script အတိုင်းသွားတာနော် သိတဲ့သူတွေသိကြပေမဲ့ reality showတွေမှာ များသောအားဖြင့် scriptဆိုတာရှိပြီးသား၊ အဲ့ဒီအပိုင်းကလည်း အရင်တစ်ပါတ်က ကိုယ်တွေအတွဲကို လူစိတ်ဝင်စားတာမရှိလို့ ပါတနာအကိုရယ် scriptရေးတဲ့သူတွေနဲ့ ရန်ဖြစ်တဲ့ ဘက်ကို သွားမယ် ပြီးမှ ပြန်အဆင်ပြေတဲ့ ပုံစံမျိုး လုပ်ကြမယ်ဆိုပြီး လုပ်ခဲ့တာ။

ဒါပေမဲ့ လုံးဝဖြည်ချလို့မရအောင် editချလိုက်လိမ့်မယ်လို့ လုံးဝမထင်ခဲ့ဘူး၊ ဒါပေမဲ့ ထွက်လာတော့လည်း ဪ ငါရှည်ခဲ့မိတဲ့အမှားပဲ ဆိုပြီး ဘာမှ မရှင်းပဲထားလိုက်တော့တာ၊ နောက်ကွယ်မှာ ကိစ္စတွေက ဒီထက်တောင်ရှုပ်သေးတယ်၊ နမူနာပဲပြောပြမယ် interviewမှာ ညီမက လူတစ်ယောက်ကို မကြည်ရင်ညီမမျက်နှာမှာတန်းပေါ်တယ်၊ လုံးဝဟန်မဆောင်တတ်ဘူး၊ ဒါပေမဲ့ အဲ့ဒီလူကိုတိုက်ရိုက်မကျေနပ်တဲ့ အကြောင်းပြောပြီးရင် စိတ်ထဲမှာ ဘာမှမရှိတော့ဘူး၊ အဲ့လိုဖြေတာကို ညီမက လူတစ်ယောက်ကို မကြည်ရင် ညီမမျက်နှာမှာ တန်းပေါ်တယ်ဆိုတဲ့နေရာတင် ဖြတ်ချလိုက်တယ်။

နောက်ပြီး ပြောဦးမယ် အကိုတော်တယ်ဆိုတဲ့ ကိစ္စ အဲ့စကားမပြောခင် ပါတနာအကိုက အကိုက professional မဟုတ်ဘူး၊ အဲ့လောက်ထိမတော်ဘူး ဆိုပြီး ခနဲ့ပြောလိုက်လို့ အကိုတော်တယ်ဆိုပြီး ပြန်ခနဲ့လိုက်တာ နှစ်ယောက်ကြားမှာ ပြောပြီး ပြီးသွားတာပဲလေ ဘာပြဿနာမှ မရှိဘူး၊ ဒါပေမဲ့ လုံးဝတစ်ဖတ်သတ်ကြီး editချပစ်လိုက်တယ်လေ၊ အဲ့ဒီအပိုင်းမှာ တစ်ချိန်လုံးရန်ဖြစ်နေတာမဟုတ်ဘူးနော်၊ editတာကတော့ programသဘောအရ လူစိတ်ဝင်စားအောင် မရရအောင် ဆွဲပြီး ဗီလိန်ချိုးမှာပဲ၊ ဒါပေမဲ့ အဲ့သုံးမိနစ်စာ videoလောက်ကို ကြည့်ပြီး ဒီကောင်မ$ကျင့်မကောင်းဘူးဆိုတာကြီးကတော့။

back cameraနောက်ကွယ်မှာ ကိုယ်ဘယ်လောက်ထိ ပါတနာကို careလုပ်ခဲ့ဆိုတာ အဲ့ဒီမှာရှိတဲ့လူတွေ အသိဆုံး၊ ဒါတောင်မကျေနပ်သေးဘူး

တတိယအပိုင်းထိ ဗီလိန်ဇာတ်သွင်းချင်တာနော် script မှတ်ထားတာတွေ ကိုယ်မြင်လို့ အမ အဲ့လောက်ထိကြ လွန်သွားပြီဆိုပြီး ဒဲ့ပြောတော့မှ ဘာမှဆက်မလုပ်တော့တာ၊ ဗီလိန်မရတော့ တန်းဖြုတ်ပစ်တယ်လေ၊ votingမှာ အမြင့်ဆုံးထဲမှာပါတယ်နော် show director ကိုယ်တိုင် နင့်votingတော်တော်မြင့်တယ်ဆိုပြီး အဖြုတ်ခံရတဲ့ ညက ပြောသွားတာ။

ဒီကိစ္စတွေကို ရှင်းလည်း မရှင်းခဲ့ဘူး ရှင်းဖို့လည်း မလိုအပ်ဘူးထင်လို့ ရှင်းရင်လည်း တစ်ဖက်ကို နင်းပြီးမှ ရှင်းရမယ့် ကိစ္စတွေလည်း မလုပ်ချင်လို့၊ ဘဝမှာ အဲ့ဒီမတိုင်ခင်ရော အဲ့ဒီနောက်ပိုင်းပါ

တတ်နိုင်သရွေ့ အနေအထိုင်မှန်အောင်နေခဲ့တယ်၊ editလုပ်ထားတဲ့ videoလောက်သာမြင်ပြီး အကျင့်မကောင်းဘူးဆိုလည်း မကောင်းတဲ့အတိုင်းသာရှိပါစေတော့၊ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ခဏခဏ အပြောခံနေရတဲ့ ကိုယ့်ကို အားပေးနေတဲ့ သူတွေကို အားနာလို့သာ ရှင်းပြတာ မဟုတ်ရင် အရေးလုပ်ပြီးရှင်းပြနေမှာမဟုတ်ဘူ

ဒီကာလမှာ စာအရှည်ကြီးရေးရတာမောတယ်ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published.