သရုပ်ဆောင်နဲ့ မော်ဒယ်လ် ခင်ရူပကတော့ အသက် (၁၄) နှစ်အရွယ်ကတည်းက အလှမယ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး Miss Tourism Beauty Pageant 2011 ပြိုင်ပွဲကြီးမှာ Winner တစ်ယောက်အဖြစ် လူသိများကျော်ကြားခဲ့သူဖြစ်ပါတယ်။
ခင်ရူပက အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီး သူမရဲ့ကိုယ်ပိုင်စီးပွားရေးအလုပ်နဲ့ ခင်ပွန်းဖြစ်သူရဲ့ အလုပ်တွေကို ကူညီလုပ်ကိုင်ရင်း တည်ငြိမ်တဲ့ဘဝတစ်ခုကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ လူငယ်တစ်ယောက်ဖြစ်ပေမယ့် ဘာသာရေးနဲ့ ကုသိုလ်ရေးကို တစိုက်မတ်မတ်လုပ်ကိုင်တဲ့ ခင်ရူပဟာ ဒီကနေ့မှာတော့ သူမရဲ့ ပီတိလေးတစ်ခုကို မျှဝေလာပါတယ်။ခင်ရူပက “ကျွန်မ အသက် ၂၈ မှာ သာသနာပြုခြင်းတစ်ခုမှတ်တိုင်တည်နိုင်ခဲ့ပြီ🙏🏻 ကျွန်မကို လှူနိုင်တန်းနိုင်အောင် ပံ့ပိုးအားပေးကြတဲ့ ကျွန်မရဲ့အလုပ်ရှင်ကျေးဇူးရှင်များ customer များ အားလုံး ကျေးဇူးမမေ့ပါဘူးရှင်။
လူအင်အား စိတ်အင်အား ငွေအင်အား အဖက်ဖက်မှ ပံ့ပိုးပေးတဲ့ ကိုစည်သူအောင် ကိုလည်း ကျေးဇူးတင်ပါတယ်။ ပါဝင်လှူဒါန်းပေးကြတဲ့ ၇ရက်သားသမီးများလည်း ကျေးဇူးတင်ပါတယ်။ ပြောမပြတတ်အောင် ရင်ထဲဝမ်းမြောက်မိပါတယ်။ ကျွန်မပြုချင်တဲ့ ကုသိုလ်ဖြစ်မြောက်သွားလို့ပါ။ ရှေ့လျှောက်လည်း သာသနာအများကြီးပြုချင်ပါသေးတယ်။ မုဒိတာထား မေတ္တာပွားနိုင်ကြပါစေ။ ကုသိုလ်ထပ်တူရကြပါစေ” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။
MyanmarCelebrity