FootBall

အနံရတာနဲ့မစားဘဲမနေနိုင်တဲ့နန္ဒဝန်ဈေးရှေ့ကဦးဝေဠုငါးကင်ဆိုင်

ဦးဝေဠုကတော့ မလေးရှားနိုင်ငံမှာ (၁၄) နှစ်ခန့် စားဖိုမှူးလုပ်ခဲ့တဲ့ အတွေ့အကြုံတွေကို အရင်းခံပြီး နန္ဒဝန်စျေးလမ်းမပေါ်မှာ မလေးရှားငါးကင်ကို စတင်ရောင်းချခဲ့ပါတယ်။ သာမန်ငါးကင်တွေနဲ့ ပုံစံမတူဘဲ အနံ့အရသာမတူ ကွဲပြားနေတာကြောင့် စားသုံးသူတွေအတွက် ထူးခြားနေခဲ့တယ်လို့ဆိုပါတယ်။

” မလေးရှားကပြန်လာပြီး ၄နှစ်လောက် ကတည်းက ဖွင့်ခဲ့တာ။ မလေးရှားစတိုင်ဖက်ရွက်ကလေးနဲ့ အကောင်(၁၅) ကောင် လောက်နဲ့စမ်းကင်ပြီး ရောင်းခဲ့တယ်။ စစရောင်းချင်းနေ့ပဲ ရောင်းရတယ်။ အကုန်ရောင်းရပါတယ်။ စားနေကြငါးကင်တွေထက်တစ်မျိုးတော့ဖြစ်နေတာပေါ့။ မီးသွေးတွေနဲ့ကင်တဲ့ငါးကင်နဲ့ မတူဘဲနဲ့ ဌက်ပျောရွက်လေးနဲ့အပေါ်က အနှစ်ကလေးခင်း ငါးကင်လေးပေါ် အနှစ်ကလေးနဲ့အုပ် ပြီးရင် ဌက်ပျောရွက်လေးနဲ့ ဟိုဘက်ဒီဘက် ကင်တယ်။ ရုံးပတီသီးလေးတွေ ပဲသီးလေးတွေနဲ့ အနှစ်တွေနယ်ပြီး ငါးကင်အပေါ် တင်ပေးလိုက်တဲ့အခါ ဒါတစ်မျိုးပဲပေါ့ ဆိုပြီး စမ်းစားရင်းစားရင်း နဲ့ ဧည့်သည်ပိုပြီးတော့များလာတာပေါ့”ဆိုပြီး ကိုဝေဠုက သူ့ရဲ့ မလေးရှားစတိုင်ငါးကင်အကြောင်း အခုလို ပြောပြခဲ့ပါတယ်။ဆိုင်လေးစဖွင့်တုန်းက တစ်နေ့ကို (၁၅) ကောင် ခန့်လောက်ရောင်းရတယ်လို့ သိရပါတယ်။ အခုဆို ဆိုင်သက်တမ်းကလည်း (၄) နှစ်ဝန်းကျင်ရှိနေပြီး ဖောက်သည်တွေလည်း တစ်ဖြည်းဖြည်းများလာခဲ့ပြီးနောက် တစ်နေ့ကို ငါးအကောင်ရေ (၈၀) ကျော်အထိ ရောင်းနေရတဲ့ အခြေအနေဖြစ်ပါတယ်။ ပုစွန်၊ ဂဏန်း၊ ရေဘဝဲ တို့ပါ အပါဆိုရင်တော့ တစ်နေ့ကို အကောင် (၁၀၀) အထက် ရောင်းချနေရတယ်လို့သိရပါတယ်။Chef Wai Lu မလေးရှားငါးကင်ဆိုင်မှာတော့ မဆလာအနှစ် နဲ့ ပြုလုပ်ထားတာဲ့ ဂဏန်း၊ ပုစွန်ဟင်း၊ ပြည်ကြီးငါး၊ ရေဘဝဲ ဟင်းပွဲများကို ရရှိနိုင်ပြီး ချဥ်ချဥ်စပ်စပ်ကိုမှ အရည်လေးနဲ့သောက်ချင်သူတွေအတွက် လည်း ချဥ်စပ် ဟင်းရည်ပွဲလေးတွေပြုလုပ်ပေးပါတယ်။

ဒါတင်မကသသေးပါဘူး။ မလေးရှားပုံစံနန္ဒဝန်စျေးလမ်းမပေါ် ကတ်ကြေးကိုက်တို့ကိုလည်း ရရှိနိုင်ပါတယ်။ စျေးနှုန်းတွေကတော့ မလေးရှားစတိုင် တီလားဗီးယားငါးကင်တစ်ကောင်ကို (၇,၀၀၀) ကျပ်နဲ့ ကားကတစ်ငါးကင်ကိုတော့ (၁၂,၀၀၀) ကျပ်တို့ပဲ ဖြစ်ပါတယ်။



Chef Wai Lu မလေးရှားငါးကင်ဆိုင်ကတော့ မှာတစ်ဆိုင်နဲ့ အခုဆိုရင် မြောက်ဒဂုံမှာလည်း ဆိုင်ခွဲတစ်ဆိုင် ဖွင့်လှစ်ထားပါတယ်။ မြောက်ဒဂုံဆိုင်ကိုတော့ ပင်လုံလမ်းမကြီးပေါ် မဝတလမ်းဆုံ မီးပ္ပိုင့်အနီးမှာ ဖွင့်လှစ်ထားပြီးဆိုင်ဖွင့်ချိန်ကတော့ မွန်းလွဲ ( ၃) နာရီကနေ ည (၉)နာရီအထိ ဖွင့်လှစ်ထားပါတယ်။

MyanmarCelebrity

Leave a Reply

Your email address will not be published.