Cele News မြန်မာဆယ်လီ

အဖွဲ့ဝင်တွေနဲ့ အသိမိတ်ဆွေတွေဆီကနေသိန်းတစ်သောင်းကျော်လိမ်ပြီးနိုင်ငံခြားကိုထွက်ပြေးသွားတဲ့ Project K အဖွဲ့ဝင် Morris

ပရိသတ်ကြီးရေ Project K အဖွဲ့လေးကတော့အမိုက်စား ကကွက်တွေနဲ့ နှာခမ်းနီမလေးတွေရဲ့အသည်းစွဲအားပေးမှုကိုရရှိထားတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့အဖွဲ့ဝင်တွေ နဲ့အသိမိတ်ဆွေတွေဆီကနေ project k အဖွဲ့ဝင် Morris က လိမ်သွားကြောင်း ချမ်းမြေ့ဦးကပြောလာတာဖြစ်ပါတယ်။Projects K အဖွဲ့ဝင်ချမ်းမြေ့ဦးကဘယ်သူထင်မှာလဲကိုယ့်သူငယ်ချင်းအရင်းကြီးတစ်ယောက်က ဒီလိုမျိုးလိမ်ပြီးထွက်ပြေးသွားလိမ့်မယ်ဆိုတာကို၊ထိုင်းကိုရောက်ပြီးနောက်ပိုင်းမှာ မိဘဆီကနေလဲ လက်ဖြန့်မတောင်းချင်လို့ ကျွန်တော့်ကားလေးရောင်းပြီး ကျွန်တော့်ဟာကျွန်တော်အေးအေးချမ်းချမ်းနဲ့အလုပ်လုပ်နေတာပါ ။ တစ်ခုသိစေချင်တာကကျွန်တော်ငွေတိုးချေးစားသူမဟုတ်ပါဘူး ။

ငွေလေးခဏလွှဲပေးထားပါ။မနက်ဖြန်ချက်ချင်းပြန်ထည့်ပေးပါ့မယ်ဆိုလို့ သူငယ်ချင်းရဲ့ အမျိုးသမီးဖြစ်နေတာကော မိဘတွေလဲ ကောင်းကောင်းမွန်မွန်ထဲကလို့ ထင်ခဲ့မိတဲ့အတွက်ယုံကြည်စွာနဲ့ပဲ ငွေလွှဲပေးလိုက်တာပါ။နောက်ရက်ကျတော့အကြောင်းပြချက်မျိုးစုံတွေပေးပြီး ငွေပြန်မလွှဲပေးတော့ပါဘူး ။နောက်ရက် သူ့အမေ ( Hnin Inzali ရဲ့မိခင် )ဖုန်းဆက်ပြီး ဆက်လိမ်တယ်။ဟုတ်ပါတယ်ကျွန်တော့်ငွေ သိန်း ၄၀၀ ကျော်အလိမ်ခံလိုက်ရတာပါ

ကျွန်တော်ဒီ post တင်ရခြင်းကကျွန်တော့်ငွေပြန်ရဖို့ထက်စာရင်နောက်လူတွေဆက်အလိမ်မခံရအောင်ပါ။ရလိုက်တဲ့သင်ခန်းစာကတော့ ဘယ်လောက်ကြီးပဲရင်းနီးနေပါစေ၊အလှူအတန်းနဲ့ ဘုရားတရားတွေလုပ်နေပါစေ၊ဆွေကြီးမျိုးကြီးထဲကဖြစ်နေပါစေ မယုံကြည်ဖို့ပါပဲ ။ခဏတာလိမ်လို့ရလိုက်တဲ့ငွေတွေနဲ့ဘယ်လောက်ကြာကြာစားလို့ရမှာလဲ?တစ်သက်တာလုပ်စားလို့မရတော့တဲ့ မင်းရဲ့ဘဝခရီး သာယာဖြောင့်ဖြူးပါစေ သူငယ်ချင်း။စာကြွင်း:အဖွဲ့သားတွေအားလုံးဆီကငွေတွေပါအလိမ်ခံလိုက်ရတာပါနော် ။ အဲ့ထဲကမှ ကျွန်တော်က အများဆုံးအလိမ်ခံလိုက်ရတာပါဆိုပြီးပြောလာတာဖြစ်ပါတယ်။လက်ရှိမှာတော့ Morris ကို Project K အဖွဲ့ကနေထုတ်လိုက်ပြီလို့လည်းသိရပါတယ်။အားလုံးဘဲဘလောက်ရင်းနီးပါစေသတိထားကြဖို့ဒီpostကိုတင်ပေးလိုက်ပါတယ်။

MyanmarCelebrity

Leave a Reply

Your email address will not be published.