Local News

အသုတ်ရောင်းရင်း(15)နှစ်အကြာမှာအိမ်နှစ်လုံးကားနှစ်စီးဝယ်နိုင်ခဲ့တဲ့မလင်း

၁၅ နှစ်သက်တမ်းရှိတဲ့ ပညာလမ်းထိပ်အသုပ်ဆိုင်
ဒီဆိုင်လေးရဲ့ သက်တမ်းက အခုဆို (၁၅) နှစ်ဝန်းကျင်ရှိလာပါပြီ။ မိသားစု တစ်ပိုင်တစ်နိုင်ဈေးလေးရောင်းဖို့ စိတ်ကူးရာကနေ ဒီအသုပ်ဆိုင်လေးဖြစ်လာခဲ့ပြီး လမ်းဘေးမှာ ရောင်းဖို့စတင်ခဲ့တာပါ။

“ ဘယ်လိုစဖွင့်ဖြစ်တာလဲဆိုတော့ အစ်မတို့က အစုံရောင်းဖူးတယ်။ တမျိုးပြီးတမျိုး စမ်းရောင်းကြည့်ရင်းနဲ့ နောက်ဆုံးဒါနဲ့ အဆင်ပြေသွားတော့ ဒါကို ဆက်ရောင်းဖြစ်တာပါ။ စစရောင်းတုန်းက တုတ်ထိုးနဲ့ ကြာဇံလေးစရောင်းတာပေါ့။ ခုံလေးတစ်လုံး၊နှစ်လုံးချပြီး လမ်းဘေးမှာ ရောင်းခဲ့တာပါ” လို့ လက်ရှိဆိုင်ကို ဦးစီးနေသူ မလင်းက ဆိုပါတယ်။

လမ်းဘေးဆိုင်ကနေ ဆယ်နှစ်အကြာမှာ ဆိုင်ခန်းလေးနဲ့ဖြစ်လာ
ဒီဆိုင်လေးကို တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးနားမှာပဲ စတင်ရောင်းခဲ့တာဖြစ်ပြီး လမ်းဘေးဆိုင်ကနေ ဆိုင်ခန်းလေးနဲ့ ဖြစ်လာတာကတော့ (၅) နှစ်ဝန်းကျင်ပဲ ရှိပါသေးတယ်။ စေတနာလည်းပါတဲ့အပြင် ကိုယ်တိုင်လည်းကြိုက်နှစ်သက်မှ ရောင်းချတာဖြစ်တဲ့အတွက် ဒီဆိုင်လေးဟာ အမြဲတမ်းတိုးမပေါက်အောင်စည်ကားနေပါတယ်။
“ ကိုယ်စားလို့ကောင်းမှ သူများကို ရောင်းတာပါ။အမြည်းဆရာကတော့ ကိုယ်တိုင်ပဲ ဆိုင်ပိတ်ရက်ဆို မီနူးအသစ်တွေ မြည်းစမ်းပြီး လုပ်ကြတာပါ။ ဒါတွေအကုန်လုံးက ကိုယ်တိုင် အိမ်ချက်လက်ရာပါပဲ” လို့ မလင်းက ဆိုပါတယ်။

မိသားစု၊ဆွေမျိုးတွေအားလုံးရဲ့ အားထားရာဆိုင်လေး
ဒီအသုပ်ဆိုင်လေးက ရတဲ့ ဝင်ငွေနဲ့ မိသားစုလုံလုံလောက်လောက်စားနိုင်သောက်နိုင်တဲ့အပြင် ဆွေမျိုးတွေကိုလည်းထောက်ပံ့နိုင်ပြီး ဒီဆိုင်လေးက ရတဲ့ဝင်ငွေနဲ့ အိမ်နှစ်လုံး၊ ကားနှစ်စီးဝယ်နိုင်တဲ့အခြေအနေထိ ဖြစ်လာတယ်လို့ဆိုပါတယ်။

အသုပ်အမျိုးအစားပေါင်း (၅၀)ကျော်နဲ့ တုတ်ထိုး (၂၃) မျိုးရတဲ့ဆိုင်လေး
ဒီဆိုင်လေးမှာ အသုပ်အမျိုးအစားပေါင်း (၅၀) ကျော်လောက် ရပါတယ်။ကြာဇံသုပ်၊ ခေါက်ဆွဲသုပ် ၊အစုံသုပ် ပဲပြားသုပ် ၊ ကော်ပြန့်သုပ် ၊ ပုဇွန်ကြော်သုပ်၊ ငါးဖယ်သုပ်၊ တို့ဟူးသုပ်၊ ကြက်သားလိပ်သုပ် ၊ ငါးသားလိပ်သုပ်စတဲ့ အသုပ်မျိုးစုံတွေ အပြင် တုတ်ထိုးကလည်း (၁၀၀)ကျပ်တန် (၁၅)မျိုးနဲ့ (၆၀၀)ကျပ်တန် (၈) မျိုးရှိပါတယ်။ ဒါ့အပြင် ကော်ပြန့်စိမ်းနဲ့ ရှမ်းခေါက်ဆွဲတို့လည်း ရပါတယ်။


ပညာလမ်းထိပ်အသုပ်ဆိုင်လေးကို သွားအားပေးချင်ရင်တော့
ဆိုင်လိပ်စာကတော့ တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝန်ဈေးအနီး ၊သုမင်္ဂလာလမ်းမပေါ်၊ တကောင်းမှတ်တိုင်အနီး ဖုန်းနံပါတ် 09450010398 ဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ မနက် (၉) နာရီလောက်မှ ည (၇) နာရီလောက်အထိ ဖြစ်ပါတယ်။သွားရောက်အားပေးနိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published.