Cele News မြန်မာဆယ်လီ

ကိုယ်တိုင်အခက်အခဲတွေနဲ့ဒုက္ခရောက်နေချိန်ဆို ကိုယ့်ကိုယ်ကိုထက် မိဘနှစ်ပါးကိုအရင်စိတ်ပူတယ်ဆိုတဲ့ပိုင်တံခွန်

ပရိသတ်ကြီးရေဖေဖော်ဝါရီလကနေစပြီး ဆန္ဒပြဖော်ထုတ်မှုများအပြီးမှာ နိုင်ငံကျော် အနုပညာရှင်တော်တော်များများဟာလည်း၅၀၅ (က/ခ)နဲ့ ဖမ်းဝရမ်းထုတ်ကာ ဖမ်းဆီးချုပ်နှောင်ခံရသူများလည်းရှိပါတယ်။


ဖမ်းဝရမ်းထုတ်ခံရပြီးနောက်မှာ တိမ်းရှောင်နေတဲ့ အနုပညာရှင်တွေလည်း များစွာရှိခဲ့တာပါ။ဖမ်းဆီးခံခဲ့ရတဲ့နာမည်ကြီးအနုပညာရှင်တွေထဲမှာ ပိုင်တံခွန်လည်းပါဝင်ခဲ့တာပါ။ ပိုင်တံခွန်ကတော့ အာရှတစ်ခွင်မှာသာမက အနောက်နိုင်ငံတွေထိပါ အောင်မြင်ကျော်ကြားနေတဲ့ မော်ဒယ်လ်မင်းသားတစ်လက်ဖြစ်တာကြောင့်သူပြန်လည်လွတ်မြောက်လာချိန်မှာ နိုင်ငံအရပ်ရပ်ကပရိသတ်တွေက လည်းဝမ်းသာခဲ့ကြတာပါ။


အမြဲမိဘနှစ်ပါးအပေါ်သိတတ်လိမ္မာက အလုပ်တွေများစွာလုပ်ကိုင်ဖြစ်ခဲ့တဲ့အချိန်မှာလည်းမိဘနှစ်ပါးကိုလိုလေသေးမရှိထောက်ပံ့ခဲ့တဲ့ပိုင်တံခွန်ကတော့ ဒီနေ့မှာ”ကိုယ် ဒုက္ခရောက်တဲ့အချိန်ဆို ကိုယ့်မိဘကို အရင် စိတ်ပူတယ် ငါမရှိရင် ငါမိဘတွေ ဘယ်လိုနေမလဲဆိုပြီး”ဆိုတဲ့စာလေးနဲ့အတူ လွန်ခဲ့တဲ့၂နှစ်က မိဘနှစ်ပါးကိုsurpriseပြုလုပ်ခဲ့တဲ့ videoဖိုင်လေးကိုပြန်လည်shareကာ ရင်တွင်းစကားလေးကိုပြောကြားခဲ့တာပါ။


ပရိသတ်တွေလည်း ပိုင်တံခွန်ရဲ့မိဘအပေါ်သိတတ်လွန်းတဲ့စိတ်ထားလေးကို လေးစားချီးကျူးကြမယ်လို့ထင်ပါတယ်နော်။
MyanmarCelebrity

Leave a Reply

Your email address will not be published.