Local News

ဝယ်မစားနိုင်တဲ့ကလေးတွေကို ပါသလောက်နဲ့ရောင်းပေးရင်း အကြွေးတင်နေတဲ့ အချဉ်ပေါင်းသယ်ဦးကျော်စိုး

ဝယ်မစားနိုင်တဲ့ကလေးတွေကို ပါသလောက်နဲ့ရောင်းပေးရင်း အကြွေးတင်နေတဲ့ အချဉ်ပေါင်းသယ်ဦးကျော်စိုး

ဦးကျော်စိုးဇာတိကပျဉ်းမနားကပါ။ဘုန်းကြီးကျောင်းသားပါ။သမီးကြီးအိမ်ထောင်ကျတော့ ရန်ကုန်ရောက်လာတာပါ။အသက် ၇၆နှစ်။အချဉ်ပေါင်းရောင်းသက်က နှစ်၂၀ကျော်ပါပြီ။


အချဉ်ပေါင်းရောင်းဖို့ မနက်၃နာရီထပြီး သီရိမင်္ဂလာဈေးကိုသွားဝယ်ရပါတယ်။၆နာရီလောက်ပြန်ရောက်ပြီး လှည်းလေးသန့်စင်၊ ရောင်းထွက်ရတာပါဘဲ။
မိုးတွင်းဘက် အရောင်းပါးပြီးကျန်နေတဲ့အသီးတွေကိုတော့ မြေးတွေကိုကျွေးလိုက်ရပါတယ်။မရောင်းရတဲ့နေ့တွေမှာ နေ့ပြန်တိုးလေးယူပြီးစားရပါတယ်။ဒီလိုနဲ့ဈေးရောင်းလိုက် အကြွေးပြန်ဆပ်လိုက်ပါဘဲ။


သားသီး၆ယောက် မြေး၁၄ယောက်ရှိပါတယ်။သားသမီးတွေကိုတော့ လုပ်နိုင်တုန်း ကြည့်စရာမလိုဘူး။ဘုန်းဘုန်းလဲသွားရင်တော့ သမီးတို့ကြည့်ရမှာပေါ့လို့ပြောထားပါတယ်။
အဖိုးရောင်းနိုင်လဲ နောက်လေးငါးနှစ်ပေါ့။ကျန်းမာသရွေ့တော့ရောင်းနေမှာပါ။ဝမ်းရေးကရှိသေးတာကိုး”လို့ပြောပြခဲ့ပါတယ်။

Leave a Reply

Your email address will not be published.