Cele News မြန်မာဆယ်လီ

ပညာသင်ပေးပြီး လစာကောင်းတဲ့အလုပ်ပါရအောင်ချိတ်ဆက်ပေးမယ့်ကျောင်း ကောင်းထက်ဇော်ဖွင့်လှစ်ထား

အစီအစဉ်တင်ဆက်သူ ကောင်းထက်ဇော်မှ M.S.T IT ကျောင်းတစ်ခု ဖွင့်လှစ်ထားရှိပါတယ်။ထိုကျောင်းနဲ့ ပက်သက်ပြီး အခုလို ရှင်းလင်း တင်ပြထားတာ တွေ့ရပါတယ်။


ကျွန်တော်က အိုင်တီပညာကို user အနေနဲ့မဟုတ်ဘဲ တကယ်ကို အခြေခံစနစ်ကြီးတစ်ခုလုံးကို သိအောင် သင်ကြားပေးသွားမှာပါ။ ကျောင်းပုံစံမျိုးမဟုတ်ဘဲ ဒီပညာကို သေချာစိတ်ဝင်စားရင် သေချာတတ်မြောက်အောင် သင်ကြားပေးသွားမှာပါ။


​ပြီးလို့ရှိရင် နိုင်ငံခြားမှာရှိတဲ့ ကုမ္ပဏီတွေနဲ့ချိတ်ဆက်ပြီး တစ်ခါထဲအလုပ်ရအောင် ကြိုးစားပေးသွားမှာပါ။ အိုင်တီဆိုရင် M.S.T ကို သတိရဖို့ ပြောချင်ပါတယ်။

ကျွန်တော် မီဒီယာမှာ ဒါပထမဆုံးပြောကြားခြင်းပါ။ကျွန်တော် ကျောင်းကို လူသိအောင် ကြိုးစားနေပါတယ်။ အသေအချာပြင်ဆင်နေတုန်းမို့ပါ။ကျေးဇူးတင်ပါတယ်လို့ ပြောပြခဲ့ပါတယ်။

Leave a Reply

Your email address will not be published.