“ငါ့မို့လို့ လုပ်ရက်တယ်၊ အသိုင်းအဝိုင်းမရှိလို့ နယ်ကလာလို့လုပ်ရက်တယ်လို့” တွေးမိတယ်ဆိုတဲ့ သံသာညီ
သူမကို live sale ရောင်းဖို့ ဌါးခဲ့ပြီး အနုပညာကြေး အပြည့်အဝ မပေးသည့်အပေါ် သံသာညီမှ အခုလို ရင်ဖွင့်ပြောပြထားတာဖြစ်ပါတယ်။”ညီမကို နှစ်နာရီစာဌါးတယ်။ သူတို့အိမ်ထိ သွားရောင်းပေးခဲ့ရတယ်။ သူတို့ကလဲ သုံးထပ်တိုက်ကြီးနဲ့ ပြေပြေလည်လည်ထဲကပါဘဲ။ ကိုယ်တွေထက်တောင် ချမ်းသာသေးတယ်။
အဲ့နေ့က ရောင်းလဲပြီးရော ညီမလေးရေ အမ ညီမကိုလွှဲပေးဖို့ အကောင့်ထဲမှာ အနုပညာကြေးရဲ့တစ်ဝက်လောက်ဘဲရှိလို့ နောက်နာရီဝက်လောက်နေမှ ပေးမယ်ဆိုလို့ နောက်လဲနောက်ကျနေလို့ ပြန်လာလိုက်တာ။ နောက်နေ့ကျ တော့ Viber က အမရေ အဆင်ပြေရဲ့လားမေးတော့ ဘာမှ မပြောတော့ဘူး။ messenger ကနေ ပြောတော့လဲ အကြောင်းမပြန်ဘူး။ သူတို့ page ကတော့ ပုံမှန်အတိုင်း အလုပ်လုပ်နေတယ်။ တခြားမင်းသမီးတွေနဲ့လည်း အလုပ်လုပ်ထားတာ ရှိတယ်။သူတို့နဲ့တော့ ပြသနာရှိပုံမရဘူး။အသံမကြားရဘူး။ ဆိုတော့ သူတို့လုပ်ပုံက ရိုင်းတယ်။ ညီမို့လို့လုပ်တာလား အသိုင်းအဝိုင်းမရှိလို့ လုပ်တာလား ဆိုတဲ့ထိအောင် အတွေးဝင်မိတယ်”ဆိုပြီး သူမရဲ့ live sale အကြောင်း သင်ခန်းစာလေးကို အခုလိူပြောပြထားပါဖြစ်ပါတယ်။