International News

ကံကောင်းစေရန်နှင့်ကျန်းမာရေးကောင်းစေရန် ကလေးခုန်ခြင်းပွဲတော်

စပိန်နိုင်ငံက ရွာတစ်ရွာမှာ သူတို့ရဲ့ နှစ်တစ်နှစ်မှာအထူးဆန်းဆုံး အထိမ်းအမှတ်ပွဲတစ်ခုဖြစ်တဲ့ El Salto del Colacho ပွဲကို ကျင်းပဖို့ ပြုလုပ်နေပါတယ်။ နိုင်ငံတကာမှာတော့ ” Baby-Jumping Festival” ဆိုပြီးအသိများပါတယ်။ နတ်ဆိုးကို ကိုယ်စားပြုတဲ့ El Colacho ရဲ့ဂုဏ်ပြုပွဲကို အနီရောင်နဲ့အဝါရောင် Colacho ကို ၀တ်ဆင်ထားကြတဲ့ အမျိုးသားများဟာ ရွာပေါ်က လမ်းတွေမှာ ပြေးပြီး ကလေး‌တွေ‌ပေါ်ကနေ ခုန်‌သွားကြပါတယ်။ ပွဲကိုတော့ ယခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ ပြုလုပ်ကျင်းပမှာဖြစ်ပါတယ်။

ရွာတွင်းနေထိုင်သူများအပြင် စပိန်နိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ အခြားနေရာများမှ ဧည့်သည်များပါ လာ‌ရောက်ခဲ့ကြပြီး ပွဲမှာဆိုရင် လွန်ခဲ့တဲ့ 12 လအတွင်းက မွေးကင်းစ ကလေးငယ်များကို ရွာလမ်းပေါ်တွေမှာ ထားထားပေးကြပါတယ်။ အခုန်ခံထားရပြီးတဲ့ကလေးဆိကို အနက်ရောင်ဝတ်ဆင်ထားကြတဲ့ လူများဟာ ရောက်ရှိလာပြီး သူတို့ကိုတော့ Atabalero လို့ သိရှိပါတယ်။ အဲ့လူတွေဟာ ကလေးတွေကို စိတ်ငြိမ်စေရန်အတွက် အနားမှာသွားထိုင်လေ့ရှိပြီး နှင်းဆီပန်းပွင့်များနဲ့ ဖြန်းပေးပြီး မိဘတွေကို ပြန်အပ်လေ့ရှိပါတယ်။

El Colacho သရုပ်ဖော်တဲ့ အမျိုးသားအချို့ဟာ ခုန်ချခြင်းရဲ့ အကျိုးဆက်ကြောင့် ပေါင်ကြောဒဏ်ရာများ ရရှိခဲ့‌ပေမယ့်လည်း ပွဲတော်အတွင်း ခုန်ချတဲ့အပိုင်းတွင် ကလေးငယ်များ ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းမရှိကြောင်း ဒေသခံများက ပြောပြခဲ့ပါတယ်။ ကလေးငယ်များ အပေါ်ကနေ ခုန်ခြင်းဟာ ကလေးတွေကို မူလအပြစ်မှ ကင်းစင်စေပြီး ရောဂါနှင့် အခြား ကံဆိုးမှုများမှ ကာကွယ်ပေးတယ်လို့ ပြောပါတယ်။


1620 ခုနှစ်လောက်က စတင်ခဲ့တဲ့ ကလေးခုန်ခြင်းဓလေ့ဟာ အယူမှားခြင်းနှင့် ကက်သလစ် ဓလေ့ထုံးတမ်းများကို ရောနှောခြင်းအဖြစ် စတင်ခဲ့ကြောင်း ယူဆရပြီး သူ့ရဲ့ မူလဇစ်မြစ်ကို အတိအကျ မသိရသေးပါဘူး။ ဒီပွဲ‌တော်ကို ကက်သလစ်အသင်းတော်မှ တရားဝင် တားမြစ်ထားခြင်း မဟုတ်ဘဲ ပုပ်ရဟန်းမင်းကြီး Benedict XVI က ဒေသဆိုင်ရာ ကက်သလစ် ဘုန်းကြီးများအား ထုံးတမ်းစဉ်လာတွင် ပါဝင်ခြင်းမပြုရန် အကြံပြုခဲ့ပါတယ်။ တရားဝင်ခွင့်ပြုချက်မရှိ‌ပေမယ့်လည်း မကြာသေးမီနှစ်များအတွင်း အခမ်းအနားဟာ ပိုမိုကြီးမားလာခဲ့ပြီးခရီးသွားတွေကိုပါ ဆွဲဆောင်နိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published.