Local News

သားသမီးတွေဆီအပူမကပ်ဘဲ နှစ်(၄၀)ကျော်ကြာအောင် ဖျာရောင်းစားပြီး ဘဝကိုရပ်တည်နေတဲ့ အဘဦးတင်ဦး

အနားယူသင့်တဲ့အရွယ်ကို ရောက်နေပြီဖြစ်ပေမယ့် သားသမီးတွေဆီ အပူမကပ်ဘဲ နှစ် (၄၀) ကျော်ကြာအောင် ဖျာရောင်းစားပြီး ဘဝကိုရပ်တည်နေတဲ့ အဘ ဦးတင်ဦး

အသက် (၂၀) ကျော် အရွယ်ကနေစပြီး ယခု အသက် (၇၀) ကျော်အထိ ပင်ပန်းကြီးစွာနဲ့ ဖျာရောင်းစားရင်း ဘဝကိုကြံ့ကြံ့ခံရပ်တည်နေသူတစ်ဦးရှိပါတယ်။ အဲ့ဒါကေတာ့ အဘ ဦးတင်ဦး ပါပဲ။

အဘ ဦးတင်ဦးဟာ ကားအက်ဆီးဒင့်တစ်ခုကြောင့် ခြေထောက်တစ်ဖက် ထိခိုက်ခံထားရတာ ဖြစ်တဲ့အတွက် ဖျာရောင်းတဲ့အချိန်မှာ လမ်းကို တစ်လှမ်းချင်း ဖြေးဖြေးသွားပြီး ရောင်းစားနေရပါတယ်။

 

အသက်အရွယ်ကြီးနေပြီး ဘဝရဲ့ အနားယူချိန်ကို ရောက်နေပေမယ့်လည်း မိသားစုရဲ့တာဝန်၊ မိသားစုရဲ့တစ်ဦးတည်းသော ဝင်ငွေရှာပေးနေသူဖြစ်တဲ့အတွက် အဘ ဦးတင်ဦးဟာ အနားမယူနိုင်ဘဲ အခုအချိန်အထိ နေ့စဉ်နေ့တိုင်း ဖျာရောင်းထွက်နေရဆဲပဲဖြစ်ပါတယ်။

အဘ ဦးတင်ဦးရဲ့ သူ့လှုပ်ရှားရုန်းကန်ရတဲ့ ဘ၀အကြောင်းတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Credit to Aung Naing Win

Leave a Reply

Your email address will not be published.