Cele News မြန်မာဆယ်လီ

ခွဲခွာရတာ ရက်ပေါင်း(၃၂၉)ရက်ရှိပြီ ယောကျာ်းရေဆိုပြီး ခင်ပွန်းဖြစ်သူ သရုပ်ဆောင်လူမုန်းကို လွမ်းတဲ့အကြောင်းရင်ဖွင့်လာတဲ့ ဇနီးဖြစ်သူအောင်ရီရီ

ခွဲခွာရတာ ရက်ပေါင်း(၃၂၉)ရက်ရှိပြီ ယောကျာ်းရေဆိုပြီး ခင်ပွန်းဖြစ်သူ သရုပ်ဆောင်လူမုန်းကို လွမ်းတဲ့အကြောင်းရင်ဖွင့်လာတဲ့ ဇနီးဖြစ်သူအောင်ရီရီ

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်လူမုန်းရဲ့ဇနီးဖြစ်သူအောင်ရီရီကခွဲခွာရတာ ရက်ပေါင်း(၃၂၉)ရက်ရှိပြီ ယောကျာ်းရေဆိုပြီး ခင်ပွန်းဖြစ်သူ သရုပ်ဆောင်လူမုန်းကို လွမ်းတဲ့အကြောင်းအခုလိုရင်ဖွင့်လာခဲ့ပါတယ်နော်။

ဇနီးဖြစ်သူအောင်ရီရီကခွဲခွာရခြင်း ရက်ပေါင်း ၃၂၉ ရက်၊နိဗ္ဗါန်မရောက်မှီ မြင့်မြတ်သောလူ့ဘုံရ၍ သက်တန်းစေ့ ပျော်ရွှင်စွာနေထိုင်သာသနာပြုနိုင်ပါစေ၊ချစ်ခင်ဂရုစိုက်သောမိသားစုများအသိုင်းအဝိုင်းများသာတွေ့ကြုံရပါစေ၊နောင်ဘဝတွေ သားသမီးများပြီး တယောက်တယောက်ဂရုစိုက်နိုင်သော အရေးကြုံလာရင်စေတနာအပြည့်ရှိသော မိသားစုစစ် စစ် ရရှိပါစေ။

၆၃ + ၁၃၆ =၁၉၉ဆူမြောက် (8 – 6-2022)မဟာသမယသုတ်စေတီ တဆူပြီးမြောက်၍ ရရှိသောကုသိုလ်များကို အမျှအမျှအမျှ ပေးဝေပါသည် သာဓုခေါ်ဆိုနိုင်ကြပါစေ၊ အထူးအားဖြင့်၁၄ရက်-၇လ-၂၀၂၁နေ့- ဘဝသစ်သို့ကူးပြောင်းသွားသောခင်ပွန်း ဦးအောင်ကိုလေး( ခ) ဦးဇော်အောင်နိုင် ( ခ )တေးရေးတေးဆိုရုပ်ရှင်သရုပ်ဆောင်ဒါရိုက်တာ ဦးလူမုန်း အား၎င်း၊ ၂၇ရက်-၇လ-၂၀၂၁နေ့ ဘဝသစ် သို့ ကူးပြောင်းသွားသောဖခင်ကြီး ဦးတင်အောင်အား၎င်း၊ မေတ္တာပို့အမျှပေးဝေပါတယ် သိပါစေ ;မြင်ပါစေ;ကြားပါစေ;ရရှိပါစေ- ကိုယ်ရေ -ဖေဖေ ရေ- အမျှအမျှအမျှ သာဓုသာဓုသာဓုခေါ်ကြပါ။

နောင်သံသရာအဆက်ဆက် နိဗ္ဗါန်မရောက်မှီစပ်ကြား မွန်မြတ်မြင့်မြတ်သောဘဝရ၍ သာသနာပြုနိုင် ၊တရားနာနိုင်၊အမျှဝေနိုင်၊သာဓုခေါ်နိုင်ပါစေ ကပ်ဘေးထိခြင်း ရန်ဘေးထိခြင်းသည်ဘဝနောက်ဆုံးဖြစ်ကြပါစေ နိဗ္ဗါန်ရောက်ကြောင်းရည်စူး၍အကျိုးများလဲခံစားရပါစေ

*မဟာသမယသုတ်၏တန်ခိုးတော်များစေတီတော်များ၏* မူရင်းသိဒ္ဓိ များသည်“ ခင်ပွန်းတော်စပ်ခဲ့သူဦးလူမုန်းနှင့် ဖခင်တော်စပ်ခဲ့သူ ဦးတင်အောင်´´တို့ “ကိုယ် ´´၌ တည်စေသော်ဝ် *။

နိဗ္ဗါန်မရောက်မှီ ကြားကာလများတွင်လဲ ဤမဟာသမယသုတ် တန်ခိုးတော်များ ၏ အကျိုးများ ကပ်ပါ၍ ခံစားနိုင်ရပါစေ ၉၆ပါးရောဂါ နဲ့ကပ်ဘေး ရန်ဘေးဆိုးများ ကင်းကြပါစေ၊ ဆေးဝါးများလိုအပ်လျှင်ပြည့်ဝစွာရပါစေ
ရောဂါဖြစ်လျှင်လဲ ကျန်းမာပျောက်ကင်းအောင်ကုသနိုင်သော သမားတော်များနှင့်သာတွေ့ကြပါစေ
လူ့ဘဝရ၍ လူ့သက်တန်းစေ့နေထိုင်ရပါစေ၊ဖေဖေနဲ့ကိုယ်နဲ့သာဓုခေါ်ပါ အမျှအမျှအမျှ

ချစ်သူကြီးရေ ကုသိုလ်တွေရရှိပြီး မြင့်မြတ်တဲ့လူ့ဘဝပြန်ရပါစေ အရမ်းချစ်ရသူ၂ယောက်လုံးဆုံးရှုံးရတဲ့ငါ့ရဲ့ ဝဋ်ဒုက္ခ လဲ သည်ဘဝနောက်ဆုံးဆပ်လိုက်ရခြင်းဖြစ်ပါစေဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published.