Local News

မသန်စွမ်းပေမယ့် ဘဝကို အဓိပ္ပါယ်ရှိစွာဖြတ်သန်းနေတဲ့ မောင်ကောင်းထွန်း

မသန်စွမ်းသူအဖြစ်မွေးဖွားလာတဲ့ မောင်ကောင်းထွန်းလေးဟာ သူဝါသနာပါရာ အကပညာနဲ့ လူကောင်းတစ်ယောကနီးပါး အောင်မြင်တွေရပြီး ဘဝကို အဓိပ္ပါယ်ရှိစွာဖြတ်သန်းနေပါတယ်။မောင်ကောင်းထွန်းဒီလို အောင်မြင်လာအောင် အဓိကပ့ံပိုးပေးတဲ့ မိခင်ကြီးက သူမရဲ့ ရင်တွင်းစကားတွေကို အခုလို ပြောပြထားပါတယ်။

“ဒီကလေးလေးကို အန္တီက ခက်ခက်ခဲခဲမွေးထားရတာပါ။မွေးတုန်းက ဝမ်းသွားဖို့ စအိုပေါက်မပါဘူး။မွေးပြီးတစ်ပါတ်လောက်နေတော့ ခွဲစိတ်ခန်းဝင်ခဲ့ရတယ်။နောက် ၆လဆက်တိုက်ခွဲစိန်ခန်းဝင်ခဲ့ရတယ်။ဲီးတော့ အောက်ပိုင်းအကြောလေးတွေ မသန်စွမ်းတော့ဘူး။အဲ့ဒီကနေ ဒီလိုအခြေအနေရောက်ဖို့ အတော်လေး ဂရုစိုက်ပြုစုခဲ့ရတာပါ။

အန်တီကသူ့ကို မသန်စွမ်းသူတစ်ယောက်အဖြစ် လက်ခံဖို့အတော်ခက်ခဲခဲ့ပါတယ်။ကလေးကငယ်ငယ်ထဲက အက က ရတာဝါသနာပါတယ်။သူကချင်တဲ့အခွေယူခိုင်းရင်လဲ တန်းနေအောင် ယူလာတတ်တယ်။

သူ ၈နှစ်လောက်မှာကျိုက်ဝိုင်းမသန်စွမ်းကျောင်းကိုပို့ခဲ့တယ်။ဆရာမတွေရဲ့ စေတနာ၊မေတ္တာနဲ့ သင်ကြားပေးမှုတွေကြောင့် ခေလးက ဆုတွေအများကြီးရခဲ့တယ်။ဆိုကရေးတီး၊Myanmar Got Talent၊ကျောင်းကပွဲတွေ စုံလို့ပါဘဲ။

သူ့လိုဘဲ မိဘတွေရဲ့ပျိုးထောင်မှုနဲ့ ဆရာသမားတွေရဲ့သင်ကြားမှု့ကြောင့် နိုင်ငံခြားပွဲတွေအထိ ယှဉ်ပြိုင်နေကြတဲ့ ခလေးတွေအများကြီးပါဘဲ။”

ခုဆိုရင် မောင်ကောင်းထွန်းလေးဟာ အသက်၂၄နှစ် ရှိပါပြီ။မိခင်နဲ့တွဲပီးအကသင်နေတဲ့ မောင်ကောင်းထွန်းလေးကိုကြည့်ပြီး အပျော်တွေကူးဆက်ရပါတယ်။

Credit:Myanmar Celebrity

Leave a Reply

Your email address will not be published.