Local News

ဘဝနေဝင်ချိန်မှာ တစ်ယောက်တည်းဘဝဖြင့် ဆံသဆိုင်ဖွင့်ပြီးစားဝတ်နေရေးဖြေရှင်းနေရတဲ့ အသက်၈၅နှစ်အရွယ်အဘိုး

ဦးဂင်ဇာ(ခေါ်)ဦးအေးမြင့်ဟာ အသက် ၈၅နှစ်ရှိနေပြီး တစ်ကိုယ်တည်း ဆံပင်ညှပ်သည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းနေသူ တစ်ဦးဖြစ်ပါတယ်။အဘဟာ လွန်ခဲ့သောနစ်လေးဆယ်ခန့်က မွန်ပြည်နယ်မှရန်ကုန်သို့ပြောင်းရွှေ့လာကာ အိမ်ဌားဘဝဖြင့် နေထိုင်ခဲ့သူဖြစ်ပါတယ်။မိန်းမနှင့်ကလေးရှိသော်လည်း ဆုံးပါးသွားကြပါပြီ။

အသက်ကြီးပြီး ပြင်ပြင်ဆင်ဆင်မရှိသော အဘရဲ့ဆိုင်လေးမှာ လူငယ်များ လာရောက်ညှပ်သူမရှိသလောက်ဖြစ်ပြီး ဆံပင်ညှပ်ခမှာ အရင် ၁၅၀၀ မှ ယခု ၁၀၀၀နှင့်သာ ညှပ်ပေးနေတာဖြစ်ပါတယ်။

အဘဟာ ကျန်းမာရေးကောင်းသလောက် ဒီအလုပ်ကိုဆက်လုပ်နေဦးမယ်ဟု သံဓိဌာန်ချထားသူတစ်ဦးဖြစ်ပါတယ်။တစ်ယောက်တည်းနေတာမို့ ချက်ပြုတ်လည်းမစားနိုင်ဘဲ အဆင်ပြေတာသာ ဝယ်စားနေရပါတယ်။အဘအိပ်သောအခန်းလေးဟာလည်း ချို့တဲ့လွန်းလှပါတယ်

တခါတရံအဘဟာ အဝေးကိုငေးကြည့်ပြီး ကျန်းမာရေး မကောင်းရင် ဘယ်လိုလုပ်မလဲ လက်ရှိနေရေးထိုင်ရေးကိုဘယ်လိုလုပ်ရမလဲဟု တွေးတောနေတတ်ပါတယ်….

စိတ်သဘောကောင်းပြီး ရိုးသားတဲ့အဘကို ကူညီချင်ရင် လိပ်စာက ဦးဂင်ဇာ ဆံသဆိုင် က္ကုန္ဒြာ၉လမ်း မြောက်ဥက္ကလာဈေး သမဝါယမဆိုင်ဖြစ်ပါတယ်။

ဦးဂင္ဇာ(ေခၚ)ဦးေအးျမင့္ဟာ အသက္ ၈၅ႏွစ္႐ွိေနၿပီး တစ္ကိုယ္တည္း ဆံပင္ညႇပ္သည့္အလုပ္ျဖင့္ အသက္ေမြးဝမ္းေၾကာင္းေနသူ တစ္ဦးျဖစ္ပါတယ္။အဘဟာ လြန္ခဲ့ေသာနစ္ေလးဆယ္ခန္႔က မြန္ျပည္နယ္မွရန္ကုန္သို႔ေျပာင္း​ေရႊ႔လာကာ အိမ္ဌားဘဝျဖင့္ ေနထိုင္ခဲ့သူျဖစ္ပါတယ္။မိန္းမႏွင့္ကေလး႐ွိေသာ္လည္း ဆုံးပါးသြားၾကပါၿပီ။

အသက္ႀကီးၿပီး ျပင္ျပင္ဆင္ဆင္မ႐ွိေသာ အဘရဲ႕ဆိုင္ေလးမွာ လူငယ္မ်ား လာေရာက္ညႇပ္သူမ႐ွိသေလာက္ျဖစ္ၿပီး ဆံပင္ညႇပ္ခမွာ အရင္ ၁၅၀၀ မွ ယခု ၁၀၀၀ႏွင့္သာ ညႇပ္ေပးေနတာျဖစ္ပါတယ္။အဘဟာ က်န္းမာေရးေကာင္းသေလာက္ ဒီအလုပ္ကိုဆက္လုပ္ေနဦးမယ္ဟု သံဓိဌာန္ခ်ထားသူတစ္ဦးျဖစ္ပါတယ္။တစ္ေယာက္တည္းေနတာမို႔  ခ်က္ျပဳတ္လည္းမစားႏိုင္ဘဲ အဆင္ေျပတာသာ ဝယ္စားေနရပါတယ္။အဘအိပ္ေသာအခန္းေလးဟာလည္း ခ်ိဳ႕တဲ့လြန္းလွပါတယ္။

တခါတရံအဘဟာ အေဝးကိုေငးၾကည့္ၿပီး က်န္းမာေရး မေကာင္းရင္ ဘယ္လိုလုပ္မလဲ လက္႐ွိေနေရးထိုင္ေရးကိုဘယ္လိုလုပ္ရမလဲဟု ေတြးေတာေနတတ္ပါတယ္….

စိတ္သေဘာေကာင္းၿပီး ႐ိုးသားတဲ့အဘကို ကူညီခ်င္ရင္ လိပ္စာက ဦးဂင္ဇာ ဆံသဆိုင္ ကၠဳျနၵာ၉လမ္း ေျမာက္ဥကၠလာေစ်း သမဝါယမဆိုင္ျဖစ္ပါတယ္။

Credit:Myanmar Celebrity

Leave a Reply

Your email address will not be published.