Local News

နေမကောင်းဖြစ်နေတဲ့ မိခင်ဖြစ်သူအတွက် မုန့်ဖက်ထုပ်ရောင်းပြီး ရှာကျွေးနေတဲ့ (၁၁)နှစ်အရွယ် ကလေးငယ်

နေမကောင်းဖြစ်နေတဲ့ မိခင်ဖြစ်သူအတွက် မုန့်ဖက်ထုပ်ရောင်းပြီး ရှာကျွေးနေတဲ့ (၁၁)နှစ်အရွယ် ကလေးငယ်။ လက်ရှိမှာ ကြုံတွေ့နေကြရတဲ့ အခြေအနေအမျိုးမျိုးကြောင့် ပြည်သူတွေမှာ စားဝတ်နေရေးအပြင် အသက်ရှင်သန်ဖို့ အတွက်တောင် အတော်လေး ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါဆိုးကြောင့် အများပြည်သူတွေမှာ ကူးစက် ရောဂါ ရင်ဆိုင်ခံစားနေကြရတဲ့အချိန် မိသားစု စားဝတ်နေရေးအတွက် မဖြစ်မနေ စီးပွားရှာလုပ်ကိုင် စားသောက်နေကြရတာ တွေလည်း ရှိကြပါတယ်။

အခုတစ်ခါမှာလည်း ကပ်ရောဂါ အန္တရာယ်တွေကြားက (၁၁)နှစ်အရွယ် ကလေးငယ်လေးဟာ မိခင်ဖြစ်သူ နေမကောင်းတဲ့အတွက် အရွယ်လေးနဲ့ မလိုက်အောင် မုန့်ဖက်ထုပ် ရောင်းကာ ရုန်းကန်ကြိုးစားနေရတာ တွေ့ရပါတယ်။

(၁၁) နှစ်အရွယ် အဆိုပါကလေးငယ်လေးဟာ မြောက်ဒဂုံ၊ ပင်လုံ လမ်းမကြီးဘက်မှာ ညနေပိုင်းအမြဲ စက်ဘီးလေးနင်းကာ မုန့်ဖက်ထုပ်ရောင်းနေတာ တွေ့ရပါတယ်။

(၁၁)နှစ်ပြည့်မယ့် မနက်ဖြန်မွေးနေ့လေးမှာ ကိတ်မုန့်လေးခွဲ ကြာဇံကြော်လေးစားချင်ပေမယ့် အမေကဖျားနေတာကြောင့် ဒီ နှစ်မှာတော့ ကိတ်မခွဲပါနဲ့ တော့သားရယ်ဆိုလို့ ကိုယ်တိုင် စက်ဘီးစီးဈေးထွက် ရောင်းနေရတာ ပဲဖြစ်ပါတယ်။

သူ့အရွယ်လေးနဲ့ စက်ဘီးကကြီးပြီး လမ်းကရေချိုင့်ကလည်းမြင့်တာကြောင့် ကိုယ်လုံးသေးသေးနဲ့ မှောက်တော့မလို ဖြစ်နေ တာကြောင့် ကိတ်လေးခွဲပါစေတော့ဆိုပြီး ပိုက်ဆံလေးနဲ့ Mask တစ်ထုပ် ပေးခဲ့တာကို ဈေးဦးပေါက်လို့ ပျော်နေရှာတယ်လို့ စေ တနာရှင်ပြည်သူတစ်ဦးက ကရုဏာသက်စွာ ပြောပြထားပါသေးတယ်။

မူရင်းရေးသားသူကို လေးစားစွာ credit ပေးပါသည်။
Photo credit
Nyo Nyo (boomnews)

Zawgyi

ေနမေကာင္းျဖစ္ေနတဲ့ မိခင္ျဖစ္သူအတြက္ မုန႔္ဖက္ထုပ္ေရာင္းၿပီး ရွာေကြၽးေနတဲ့ (၁၁)ႏွစ္အ႐ြယ္ ကေလးငယ္။ လက္ရွိမွာ ႀကဳံေတြ႕ေနၾကရတဲ့ အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ ျပည္သူေတြမွာ စားဝတ္ေနေရးအျပင္ အသက္ရွင္သန္ဖို႔ အတြက္ေတာင္ အေတာ္ေလး ႐ုန္းကန္ေနၾကရတာ ျဖစ္ပါတယ္။

ကိုဗစ္ကပ္ေရာဂါဆိုးေၾကာင့္ အမ်ားျပည္သူေတြမွာ ကူးစက္ ေရာဂါ ရင္ဆိုင္ခံစားေနၾကရတဲ့အခ်ိန္ မိသားစု စားဝတ္ေနေရးအတြက္ မျဖစ္မေန စီးပြားရွာလုပ္ကိုင္ စားေသာက္ေနၾကရတာ ေတြလည္း ရွိၾကပါတယ္။

အခုတစ္ခါမွာလည္း ကပ္ေရာဂါ အႏၲရာယ္ေတြၾကားက (၁၁)ႏွစ္အ႐ြယ္ ကေလးငယ္ေလးဟာ မိခင္ျဖစ္သူ ေနမေကာင္းတဲ့အတြက္ အ႐ြယ္ေလးနဲ႔ မလိုက္ေအာင္ မုန႔္ဖက္ထုပ္ ေရာင္းကာ ႐ုန္းကန္ႀကိဳးစားေနရတာ ေတြ႕ရပါတယ္။

(၁၁) ႏွစ္အ႐ြယ္ အဆိုပါကေလးငယ္ေလးဟာ ေျမာက္ဒဂုံ၊ ပင္လုံ လမ္းမႀကီးဘက္မွာ ညေနပိုင္းအၿမဲ စက္ဘီးေလးနင္းကာ မုန႔္ဖက္ထုပ္ေရာင္းေနတာ ေတြ႕ရပါတယ္။

(၁၁)ႏွစ္ျပည့္မယ့္ မနက္ျဖန္ေမြးေန႔ေလးမွာ ကိတ္မုန႔္ေလးခြဲ ၾကာဇံေၾကာ္ေလးစားခ်င္ေပမယ့္ အေမကဖ်ားေနတာေၾကာင့္ ဒီ ႏွစ္မွာေတာ့ ကိတ္မခြဲပါနဲ႔ ေတာ့သားရယ္ဆိုလို႔ ကိုယ္တိုင္ စက္ဘီးစီးေဈးထြက္ ေရာင္းေနရတာ ပဲျဖစ္ပါတယ္။

သူ႔အ႐ြယ္ေလးနဲ႔ စက္ဘီးကႀကီးၿပီး လမ္းကေရခ်ိဳင့္ကလည္းျမင့္တာေၾကာင့္ ကိုယ္လုံးေသးေသးနဲ႔ ေမွာက္ေတာ့မလို ျဖစ္ေန တာေၾကာင့္ ကိတ္ေလးခြဲပါေစေတာ့ဆိုၿပီး ပိုက္ဆံေလးနဲ႔ Mask တစ္ထုပ္ ေပးခဲ့တာကို ေဈးဦးေပါက္လို႔ ေပ်ာ္ေနရွာတယ္လို႔ ေစ တနာရွင္ျပည္သူတစ္ဦးက က႐ုဏာသက္စြာ ေျပာျပထားပါေသးတယ္။

မူရင္းေရးသားသူကို ေလးစားစြာ credit ေပးပါသည္။
creditCredit to
original writer

Leave a Reply

Your email address will not be published.