General Knowledge

မုန်တိုင်းကြားမှ ကိုယ့်ကိုကိုယ် မကာကွယ်ဘဲ မီးဖွားနေတဲ့မိခင်ကြောင်မတစ်ကောင်အပေါ် အပြေးအလွှား ပလတ်စတစ်သွားအုပ်ပေးခဲ့တဲ့ ကောင်လေး

ဖိလစ်ပိုင်နိုင်ငံ မနီလာပင်လယ်အော်မှာ ရာသီအကူးအပြောင်းများကြောင့် မကြာခဏဆိုသလို တိုင်ဖွန်းမုန်တိုင်းများ တိုက်ခတ်လေ့ရှိပါတယ်။ ဒီထိမိတဲ့ဓာတ်ပုံများကို 2015 ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ မိုးသည်းထန်စွာရွာသွန်းတဲ့ တိုင်ဖွန်း Egay မုန်တိုင်းကြားကနေ ရိုက်ယူထားနိုင်ခဲ့တာဘဲဖြစ်ပါတယ်။ ထိုတိုင်ဖွန်း Egay မုန်တိုင်းက မနီလာပင်လယ်အော်မှာ မိုးသည်းထန်စွာ ရွာသွန်းစေပြီး လေပြင်းများတိုက်ခတ်နေပေမဲ့လည်း အပြာရောင်အင်္ကျီနှင့် အဝါရောင်ဘောင်းဘီတိုကို ဝတ်ဆင်ထားသည့် မိုးရေစိုစွတ်နေတဲ့ ဒီကောင်လေးတစ်ဦးဟာ ၊ ပင်လယ်ရဲ့ကွန်ကရစ်အတားအဆီးပေါ်မှာ မီးဖွါးနေတဲ့ မိခင်ကြောင်မတစ်ကောင်ကို တွေ့လိုက်ရတဲ့အခါမှာ ကိုယ်တိုင်ရဲ့ဘေးကင်းရေးနှင့် ကျန်းမာရေးကိုတောင် ဂရုမစိုက်နိုင်ဘဲ မီးဖွါးနေတဲ့ မိခင်ကြောင်မဆီသို့ အပြေး လျှောက်သွားခဲ့ပါတယ်။

.

လေပြင်းတိုက်ပြီး မိုးသည်းကြီးမည်းကြီး ရွာချနေတဲ့ ထိုတိုင်ဖွန်းမုန်တိုင်းအလယ်မှာတောင် အဆိုပါ အမည်မသိကောင်လေးတစ်ဦးက ထိုမိခင်ကြောင်မတစ်ကောင်နှင့် သူမရဲ့ကြောင်ပေါက်လေးများကို မိုးရေများမစိုသွားအောင် ၎င်းတို့အပေါ် ကနေ ပလတ်စတစ်အုပ်ပေးရင်း လေဒဏ် မိုးဒဏ်ကို ထိန်းပေးရင်း သွားကာရံပေးခဲ့ပါတယ်။

.

ထိုအိုးမဲ့အိမ်မဲ့မိခင်ကြောင် နဲ့ သူမရဲ့ကြောင်လေးများကို နောက်ပိုင်းမှာ ဒေသခံတိရိစ္ဆာန်စောင့်ရှောက်ရေးက ကယ်ဆယ်ပေးခဲ့ကြပါတယ်။ ထိုကောင်လေးဟာ ၎င်းရဲ့အလွန်ရိုးရှင်းတဲ့စိုးရိမ်ကြောက်ကျ့မှုနှင့် ကရုဏာကြင်နာမှုတစ်ခုဖြင့် ပြင်းထန်တဲ့တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုအတွင်း ထိုမိခင်ကြောင်မနှင့်ကြောင်ကလေးများကိုပင် ၎င်းကယ်တင်နိုင်ခဲ့ပုံကို ပြသပေးခဲ့ပါတယ်။

.

တကယ်လည်း ဤအဖိုးတန်ကောင်လေးဟာ ထိုကဲ့သို့သောရဲစွမ်းသတ္တိနှင့် ကြင်နာမှုတို့ဖြင့် လူသားများစွာရဲ့တစ်ပါးသူအပေါ်ယုံကြည်မှုကို ပြန်လည်ထူထောင်ပြသပေးနိုင်ခဲ့ပါတယ်
Credit to original writer

Leave a Reply

Your email address will not be published.