International News

စွန်လွှတ်ပွဲမှာ စွန်နဲ့အတူပါသွားတဲ့ ကလေးလေး

ဩဂုတ်လ ၃၀ရက်နေ့ သာယာတဲ့ ညနေခင်းလေးမှာ 2020 International Kite Festival ပွဲကိုထိုင်ဝမ်မြို့ Hsinchuမှာ ကျင်းပခဲ့ပါတယ်။ ထိုပွဲမှာ လူအများအား ထိတ်လန့်စေတဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။အကြောင်းမှာ ၃နှစ်အရွယ် ကလေးလေးတစ်ဦးဟာ စွန်တစ်ခုရဲ့ အမြီးမှာ ရစ်ပါတ်ခဲ့ပြီး လေပြင်းကြောင့် မြေပြင်ကနေ ကောင်းကင်ကိုထက်ကို ပါသွားကာလေထဲတွင် အချိန်အနည်းငယ်ကြာပြီးနောက်မှာ မြေပြင်ကို ပြန်ကျလာတဲ့ မတော်တဆမှုတစ်ခု ဖြစ်ပါတယ်။ ထိုဒေသဟာ လေပြင်းများတိုက်ခတ်လေ့ရှိကြောင်း Taiwan News ကဖော်ပြထားပါတယ်။

စွန်လွှတ်ပွဲကျင်းပနေချိန်တွင် ထို ၃နှစ်သမီးလေးမှာ မည်သို့မည်ပုံဖြစ်မှန်းမသိဘဲ လိမ္မော်‌ရောင်စွန်အမြီးမှာရစ်ပါတ်သွားခဲ့ပါတယ်။ ထိုအချိန်တွင် ရုတ်တရက် လေပြင်းတိုက်ခတ်လိုက်သောကြောင့် စွန်က ကလေးကိုရစ်ပတ်လျက် ကောင်းကင်ကို ပျံဝဲသွားခဲ့ပါတယ်။ စက္ကန့်အနည်းငယ် ဝဲပျံပြီး လေအနည်းငယ် ငြိမ်သွားချိန်မှာ မြေပြင်ပေါ်ကို ပြန်ကျလာခဲ့ပါတယ်။လူအုပ်ကြီးက ပြန်ကျလာတဲ့ ကလေးလေးကို ဝိုင်းဖမ်းပေးခဲ့ကြပြီး ချက်ချင်းဘဲ ကလေးကို ဆေးရုံပို့ဆောင်ပေးခဲ့ကြပါတယ်။

ထိုဖြစ်ရပ်ကို ဗွီဒီယို မှတ်တမ်းတင်နိုင်ခဲ့ပြီး တွေ့ရှိခဲ့ရသူတော်တော်များများက ထိတ်လန့်သွားခဲ့ကြပါတယ်။ စွန်မှာ ပါသွားတဲ့ကလေးလေးနဲ့ သူ့မိဘတွေ ဘယ်လောက်တောင် ထိတ်လန့်သွားမလဲဆိုတာ တွေးကြည့်စရာတောင် မလိုဘူးထင်ပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ မိမိတို့သားသမီးတွေကို မျက်ခြေမပြတ်စောင့်ကြည့် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

Leave a Reply

Your email address will not be published.